၂၀.၁၂.၂၀၂၅
Written By Thandar
ပရိသတ်ချစ်ခင်မှုများစွာ ရရှိထားတဲ့ သရုပ်ဆောင် ဇေယျ@ဇေယျသိန်းနဲ့ မယွန်းဝတီဇော်တို့ရဲ့ ကျက်သ ရေမင်္ဂလာရှိလှတဲ့ စုလျားရစ်ပတ် ဘိသိက်မင်္ဂလာအခမ်းအနားကို ယနေ့ ဒီဇင်ဘာလ ၂၀ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့၊ ပြည်လမ်းရှိ Novotel Yangon Max Hotel ( Grand Ballroom) မှာ ကျင်းပခဲ့ပါတယ်။
“သူငယ်ချင်းဇေယျနဲ့ ညီမလေး ချစ်မဝတို့ရဲ့ မင်္ဂလာပွဲလေးမှာ ပန်းကြဲပေးရင်း ပါဝင်အားဖြည့်ပါတယ်။ သူငယ်ချင်းတို့ ဇနီးမောင်နှံလည်း ယနေ့မှ စ နှစ်(၁၀၀) တိုင် ပျော်ရွှင်ချမ်းမြေ့စွာ ပေါင်းဖက်နိုင်ကြပါစေ”လို့ သရုပ်ဆောင် နန်းဆုရတီစိုးက ပြောပါတယ်။




အဆိုပါ စုံတွဲရဲ့ လိုက်ဖက်တင့်တယ်တဲ့ အခမ်းအနားကို ထက်အောင်ရှိုင်း၊ Vitamin ၊ ညိမ်းသော်၊ အေးမြတ်သူ၊ နန်းဆုရတီစိုး၊ ရွှေသမီး၊ မေမြင့်မိုရ်၊ ယွန်းယွန်း တို့က သတိုးသား၊ သတိုးသမီးအရံတွေအဖြစ် ပန်းကြဲ၊ လက်ထပ်လက်စွပ်ဗန်းကိုင်စတာတွေ လုပ်ဆောင်ပေးခဲ့ကြပါတယ်။
အနုပညာမောင်နှမတွေအနေနဲ့ နေတိုးတို့ ဇနီးမောင်နှံ၊ ဇော်ပိုင်တို့ဇနီးမောင်နှံ၊ ဖိုးကာတို့ ဇနီးမောင်နှံ၊ ဒါရိုက်တာဝိုင်း၊ လင်းဇာနည်ဇော်၊ ချိုပြုံး စတဲ့သူတွေ တက်ရောက်ချီးမြှင့် ဂုဏ်ပြုခဲ့ကြပါတယ်။




ဇေယျနဲ့ ယွန်းဝတီဇော်ရဲ့ မင်္ဂလာဧည့်ခံပွဲကိုတော့ လာမယ့် ဒီဇင်ဘာ ၂၇ ရက်မှာ မော်လမြိုင်မြို့ရှိ Sun Shine Hotel မှာလည်း ဆက်လက် ကျင်းပသွားမှာလည်းဖြစ်ပါတယ်။
