၇. ၁၀. ၂၀၂၂

Written by Nay Moe

NUG ထံ CDM ဝင်ပြီးမှ SAC ထံ အလင်းပြန်ဝင်သည့် ဗိုလ်မှူးမျိုးမင်းထွန်းနှင့် ပတ်သက်၍ ကြေညာချက်အား အောက်တိုဘာ ၇ ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်အား တပ်မတော် CDM အစုအဖွဲ့များဖြစ်သည့် ပြည်သူ့ရင်ခွင်၊ ပြည်သူ့သားကောင်း၊ ပြည်သူ့ပန်းတိုင်၊ People Soldiers Defense Force၊ Braking Brain Washed တို့က ပူးပေါင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

NUG ထံ CDM ဝင်ပြီးမှ SAC ထံ ပြန်အလင်းဝင်ခဲ့သည့် ဗိုလ်မှူးမျိုးမင်းထွန်းကမူ NUG က တတိယနိုင်ငံများသို့ ပို့ပေးမည် မက်လုံးပေးဆွဲဆောင်၍ CDM ဝင်ခဲ့ခြင်းဖြစ်သော်လည်း တတိယနိုင်ငံမပို့ပေးသည့်အပြင် အလုပ်သမားတစ်ဦး၊ နိုင်ငံမဲ့တစ်ဦးပမာ ဆက်ဆံနေကြသဖြင့် SAC ထံ ပြန်လည်အလင်းဝင်ခြင်းဖြစ်ကြောင်း ၎င်းက ဖြေကြားထားသည်။

လက်ရှိတွင် ဗိုလ်မှူးမျိုးမင်းထွန်းအား CDM ဝင်ရန် ဆွဲဆောင်ခဲ့သည့် CDM တပ်မတော်သား ညီသုတ အား ဗိုလ်မှူးမျိုးမင်းထွန်းနှင့် ပူးပေါင်းကြံစည်မှု ရှိ မရှိ NUG က ဖမ်းဆီးစစ်ဆေးနေသည်ဟု သတင်းများလည်း ပျံ့နှံ့နေသည်။

Leave a Reply

Your email address will not be published. Required fields are marked *