၂. ၁၂. ၂၀၂၅
Writer & Photo Nay Yaung Linn
“ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့” အကြီးစား Election Campaign ပိုစတာဆိုင်းဘုတ်ကို မြို့တော်ခန်းမရှေ့နှင့် နေရာအချို့တွင် ဒီဇင်ဘာ ၂ ရက်က စတင်စိုက်ထူခဲ့ကြောင်း သိရသည်။
အဆိုပါ အကြီးစား Election Campaign ဆိုင်းဘုတ်ကို ရန်ကုန်မြို့တော်ခန်းမရှေ့အပြင် ပြည်သူ့ရင်ပြင်ရှေ့နှင့် ဦးဝိစာရအဝိုင်းတို့တွင် ကနဦးစိုက်ထူခဲ့ကြောင်း သိရသည်။


“ဒီနေ့ လိုက်ပြီး စိုက်ထူတယ်လို့ သိရတယ်။ မြို့တော်ခန်းမရှေ့ ပြီးရင် ဦးဝိစာရအဝိုင်းနဲ့ ပြည်သူ့ရင်ပြင်ရှေ့မှာလည်း စိုက်ထူမယ်လို့ သိရပါတယ် ” ဟု ရန်ကုန်မြို့တော်စည်ပင်မှ တာဝန်ကျဝန်ထမ်းတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါဆိုင်းဘုတ်တွင် ၂၀၂၅ ရွေးကောက်ပွဲ၊ ဆန္ဒမဲပေးရမည့် ရက်ကို ဖော်ပြထားပြီး ” ဒို့အတူတူမဲပေးကြမယ်” စာသားလည်း ပါဝင်သည်။
၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်တွင် ပထမပိုင်းကို စတင်ကျင်းပမည်ဖြစ်ရာ မဲဆန္ဒရှင်ပြည်သူများနေဖြင့် ရွေးကောက်ပွဲကျင်းပရန် ၂၆ ရက်သာ လိုတော့သည်။
