၂၅. ၁၀. ၂၀၂၅
Written by Min Thet
BBC က ရေးသားသည့် ဒေါ်သက်သက်ခိုင် ရွေးကောက်ပွဲ ဝင်ပြိုင်ခွင့်မရ ဆိုသည့် သတင်းမှာ မှားယွင်းနေကြောင်း PPP ၏ သတင်းပြန်ကြားရေးတာဝန်ရှိသူက MT News ကို ပြောသည်။
“ဥက္ကဋ္ဌနဲ့ ပတ်သက်လို့ အားလုံး စစ်ဆေးပြီးပြီ။ ကိုယ်စားလှယ်လောင်း အသိအမှတ်ပြု ကတ်ပြားကိုလည်း ထုတ်ယူပြီး ဥက္ကဋ္ဌ ဒေါက်တာ သက်သက်ခိုင် လက်ထဲကို ရောက်နေပြီ။ အခု ရေးနေတဲ့ သတင်းတွေက ကောလာဟလဖြစ်ပြီး အမှား ဖြစ်ပါတယ်”ဟု ယင်းက ပြောသည်။
ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါက်တာ သက်သက်ခိုင်အနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) (ဗဟန်း၊ ကမာရွတ်၊ အလုံ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ လှိုင်၊ မရမ်းကုန်း၊ မြောက်ဥက္ကလာပ) တွင် နိုင်သူအကုန်ယူစနစ် (First-past-the-post “FPTP”) ဖြင့် ဝင်ရောက် အရွေးချယ်ခံမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ တရားဝင်ခွင့်ပြုချက်ရရှိပြီးဖြစ်ကြောင်းကို သူမ၏ Dr Thet Thet Khine အကောင့်တွင် “ကျမ အနေဖြင့် လာမည့်အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ပါတီကို ကိုယ်စားပြုပြီး ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(2) မှာ နိုင်သူအကုန်ယူစနစ် (FPTP) စနစ်မှာ ဝင်ရောက် ယှဥ်ပြိုင်ဖို့ UEC ထံမှ တရားဝင်ခွင့်ပြုချက်ရရှိပြီဖြစ်ပါတယ်ရှင်။ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် FPTP မဲဆန္ဒနယ် အမှတ် (2)တွင် ဗဟန်း၊ ကမာရွတ်၊ ကြည့်မြင်တိုင်၊ အလုံ၊ စမ်းချောင်း၊ လိူင်၊ မရမ်းကုန်းနှင့် မြောက်ဥက္ကလာပ စတဲ့မြို့နယ် (8) မြို့နယ် ပါရှိပါတယ်ရှင့် 🙏🙏🙏(စာသား မူရင်း)” ဟု ရေးသားဖော်ပြခဲ့သည်။
