




၁၅.၁၀.၂၀၂၅
Written By Thandar
ဖိုးဝရုပ်ရှင်ထုတ်လုပ်ရေးရဲ့ Horror Comedy ဇာတ်လမ်းပုံစံ “ဖိန့်”ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို အောက်တိုဘာ ၁၄ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ ဒီကားမှာ မေလေးကတော့ ဆောင်းရတီနွယ်ဆိုတဲ့ သရဲမလေး ကာရိုက်တာနဲ့သရုပ်ဆောင်ထားပါတယ်။ သရဲကိုမှလေ အမွှေစိန်သရဲမလေးပေါ့။ ကိုနေဝင်းက ဒီကားမှာ သရဲနှိမ်နင်းတဲ့ ဆရာပုံစံမျိုးပါ။ ဒါပေမယ့် ဆရာအတုပေါ့လေ။ အကုန်လုံးက ပျော်ရွှင်ရယ်မောစရာ သရဲ ဟာသလေးနဲ့ ဒရာမာလည်းရောထားပါတယ် ”လို့ သရုပ်ဆောင်မေမြင့်မိုရ်က ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း၊ ဇာတ်ညွှန်း သက်ဦးမောင်၊ တွဲဖက်ဒါရိုက်တာ အိ(အရုဏ်ဦး)၊ ဒါရိုက်တာ အကယ်ဒမီ ကိုဇော်(အရုဏ်ဦး)က သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီနေဝင်း၊ မင်းဘုန်းမြတ်၊ အကယ်ဒမီမေမြင့်မိုရ်၊ အကယ်ဒမီ ခြူးလေး၊ မင်းဟိဏ်း၊ အကယ်ဒမီမိုးဒီ၊ ရဲမွန်၊ ဆင်မ၊ ဇင်မျိုး၊ စိုးမိုးကြည်၊ အကယ်ဒမီဝါဝါအောင်၊ သန်းသန်းစိုး၊ နေလင်း၊ သွက်လက်၊ ဂျက်လီ၊ ဝင်းဝိုင်းလည်၊ ဒိုပေါက်၊ အန်းဒိုင်းစတဲ့သူတွေနဲ့ ရိုက်ကူးထားပါတယ်။
“ဖိန့်” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် အောက်တိုဘာလ ၁၇ ရက်နေ့မှာ မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံမှာ ပြသမှာဖြစ်ပါတယ်။
