၆. ၁၀. ၂၀၂၂

Written by Hey Mar

ရန်ကုန် Water Bus ခရီးစဉ်တွေ ယနေ့ အောက်တိုဘာ ၆ ရက်နေ့ကနေစတင်ပြီး ပြန်လည်ပြေးဆွဲပေးမှာ ဖြစ်တယ်လို့ Tint Tint Myanmar ကုမ္ပဏီဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်က ကုမ္ပဏီတည်ထောင်ခြင်း ၆ နှစ်ပြည့် အထိမ်းအမှတ်ပွဲမှာ ပြောပါတယ်။

ပြန်လည်ပြေးဆွဲရာမှာ အရင်လို အင်းစိန်၊ ဗိုလ်တထောင် ကမ်းနားဆိပ်အထိ ပြေးဆွဲတော့မှာမဟုတ်ဘဲ လူစီးအများဆုံးဖြစ်တဲ့ လမ်းသစ်ဆိပ်ကမ်းနဲ့ ဆာပါချောင် ခရီးစဉ်အပိုင်းကို ပြန်လည်ပြေးဆွဲပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်မှတ်ခ နှုန်းထားတွေကတော့ ၃၀၀၊ ၅၀၀ ဖြစ်ပြီး ဘယ်လို ပြေးဆွဲမှုတွေ လုပ်ဆောင်ပေးမလဲဆိုတာကိုတော့ အောက်ပါရုပ်သံဖိုင်မှာ ဆက်လက်နားဆင်နိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *