
၈.၁၀.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းနိုင်ငံတွင်ဖြစ်ပွားခဲ့သော ရေလွှမ်းမိုးမှုများ၌ လူ ၂၂ ဦး အသက်ဆုံးရှုံးခဲ့ကြရကာ ပြည်နယ် ၁၉ ခုတွင် ခန့်မှန်းခြေပြည်သူ ၃၇၀,၀၀၀ ခန့်မှာလည်း မြစ်ရေလျှံခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းတို့နှင့် ကြုံတွေ့ကာ ရေဘေးသင့်ခဲ့ကြရကြောင်း အာဏာပိုင်များက အောက်တိုဘာလ ၇ ရက်က ပြောကြားခဲ့ကြသည်။
သဘာဝဘေးဒဏ် တားဆီးရေးနှင့် လျော့ပါးသက်သာရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ မုန်တိုင်းဒဏ်ကို အပြင်းထန်ဆုံးခံခဲ့ရသော အတ်ထရာဒစ်ပြည်နယ်၊ ဖရာနာခွန်ဆီ အယုဒ္ဓယပြည်နယ်နှင့် ဘန်ကောက်မြို့တော်မြောက်ပိုင်းတို့အပါအဝင် ပြည်နယ်ခြောက်ခု၌ လူသေဆုံးမှုများ ဖြစ်ခဲ့ရကြောင်း သိရသည်။

ဦးစီးဌာနက ထုတ်ပြန်သောကြေညာချက်တစ်ရပ်တွင် ဆက်စပ်နေသော အေဂျင်စီအဖွဲ့အစည်းများက စားနပ်ရိက္ခာဖြန့်ဝေခြင်းနှင့် အထောက်အပံ့ပစ္စည်းများပေးခြင်း၊ ဒေသခံ ရေဘေးသင့်ပြည်သူများအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခြင်း၊ ရေကြီးသောဒေသများ၌ ရေများစီးဆင်းလျော့ပါးသွားအောင် ဖောက်ထုတ်မှုများပြုလုပ်ပေးခြင်းတို့အပါအဝင် ရေဘေးသင့်ပြည်သူများအား အထောက်အကူလုပ်ငန်း ဆောင်ရွက်ပေးနေကြောင်း သိရသည်။
Ref- Xinhua
