Photo - The Nation Thailand

၆. ၁၀. ၂၀၂၂

MT News

ရဲအရာရှိဟောင်းတစ်ဦးမှ နေ့ကလေးထိန်းစင်တာအတွင်း ဝင်ရောက်ပစ်ခတ်မှုကြောင့် ကလေးငယ်များအပါအဝင် အနည်းဆုံး ၃၂ ဦး သေဆုံးမှု ထိုင်းနိုင်ငံတွင် ဖြစ်ပွားခဲ့သည်ဟု The Nation Thailand ၏ Breaking News တွင် ဖော်ပြခဲ့သည်။

အဆိုပါ ဖြစ်စဥ်သည် ယနေ့ နေ့လယ်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း Nong Bua Lamphu ဒေသ အတွင်း ဖြစ်ပွားသည့် အဆိုပါ တိုက်ခိုက်မှုလုပ်ခဲ့သည့် ရဲအရာရှိဟောင်းသည် မကြာသေးမီက ထုတ်ပယ်ခံထားသူဖြစ်သည်ဟု သိရှိရကာ အသေးစိတ်အချက်အလက်များကိုမူ ထိုင်းနိုင်ငံအခြေစိုက်မီဒီယာများပင် ဖော်ပြနိုင်ခြင်းမရှိသေးသဖြင့် ဆက်လက်သိရှိရသည်များကို ထပ်မံဖော်ပြပေးသွားမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *