၂၇.၉.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်၊ ရတ်ဘူရာနာခရိုင်၊ ဘန်ပရောက်မြို့နယ်အတွင်း ဆပ်ခ်ဆာဝတ် လမ်းသွယ် ၁၇ ရှိ တိုက်ခန်းတွဲအဆောက်အအုံတစ်ခုမှာ စက်တင်ဘာလ ၂၇ ရက် နံနက်အစောပိုင်း ၁ နာရီခွဲလောက်က မီးလောင်ကျွမ်းမှုတစ်ရပ်ဖြစ်ခဲ့ရာမှာ စုစုပေါင်း ယာဉ် ၃၅ စီး မီးလောင်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
အဆောက်အအုံမှာနေထိုင်သူတွေကိုတော့ မီးသတ်တပ်ဖွဲ့ဝင်တွေက ဘေးအန္တရာယ်ကင်းစွာ ရွှေ့ပြောင်းပေးနိုင်ခဲ့ပြီး မီးကိုလည်း မိနစ် ၂၀ အတွင်း ကောင်းစွာထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
မီးကြောင့် ကားနှစ်စီး၊ မော်တော်ဆိုင်ကယ် ၂၉ စီး၊ စက်ဘီး သုံးစီးနဲ့ ပစ်ကပ်ထရပ်ကားတစ်စီး စုစုပေါင်း ယာဉ် ၃၅ စီး ပျက်စီးခဲ့ရတယ်လို့လည်း မီးသတ်တပ်ဖွဲ့က ပြောခဲ့ပါတယ်။
ရတ်ဘူရာနာခရိုင် ရဲတပ်ဖွဲ့က ရုပ်မြင်သံကြားဗီဒီယိုတွေကို ပြန်လည်ကြည့်ရှုကာ ဖြစ်ပွားရာနေရာကိုလည်း ပြန်လည်စုံစမ်းစစ်ဆေးနေပါတယ်။ မီးလောင်ရခြင်းအကြောင်းရင်းကို မဆုံးဖြတ်ခင် မှုခင်းဆေးပညာအရာရှိတွေက အသေးစိတ် စစ်ဆေးမှုတစ်ရပ်ပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။
Ref- Khaosod



