၆. ၁၀. ၂၀၂၂
Written by Thettant

ပြင်ဦးလွင်ဘက်မှ ဆင်းလာသော စစ်ယာဥ်တန်းအား ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပဒေသာမိုင်း သုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု အောက်တိုဘာ ၆ ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုကို အောက်တိုဘာ ၅ ရက် မွန်းလွဲ ၃ နာရီခွဲခန့် အချိန်တွင် ပုသိမ်ကြီး ပကဖများက ပြင်ဦးလွင်ဘက်မှ ဆင်းလာသော လခရ ယာဉ်တန်း အား ထုံးဘို အကျော် မိုင်တိုင် ၁၁ အနီး ကြိုတင်စီမံထားသော ပဒေသာမိုင်း ၃ လုံး ဖြင့် ဖောက်ခွဲတိုက်ခိုက်ရန် ကြိုးပမ်းခဲ့သည်။

သို့သော် အခြေအနေအရ တစ်လုံးသာ ဖောက်ခွဲနိုင်ခဲ့၍ လခရများထိခိုက်မှု အနည်းငယ်သာ ရှိပြီး ပတ်ဝန်းကျင်အား သေနတ် အချက် ၂၀ ခန့် ပစ်ခတ် နေခဲ့သဖြင့် ပုသိမ်ကြီးပကဖများ ပြန်လည်ဆုတ်ခွာလာခဲ့ပြီး အထိအခိုက်မရှိ ဆုတ်ခွာလာနိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *