၂၅. ၉. ၂၀၂၅
Translated by Tha Doe
ထိုင်းနိုင်ငံ၊ ဖူးခက်မှာ ဖြစ်ပွားခဲ့တဲ့ အရှိန်ပြင်းစွာမောင်းနှင်နေတဲ့ ကားပေါ်မှာ မတ်တပ်ရပ်ပြီး လိင်ဆက်ဆံနေတဲ့ ဗီဒီယိုက စတင်ပျံ့နှံ့လာတဲ့ စက်တင်ဘာ ၂၄ ရက်ကစ လူမှုကွန်ရက်ပေါ်မှာ ဂယက်ရိုက်ခဲ့ပါတယ်။
ဒီဖြစ်ရပ်က ညဘက်မှာ အရှိန်ပြင်းပြင်းမောင်းနှင်နေတဲ့ ပစ်ကပ်ကားတစ်စီးပေါ်မှာ လိင်ဆက်ဆံနေတဲ့ နိုင်ငံခြားသားစုံတွဲရဲ့ မူဗီဖိုင်နဲ့ ပတ်သက်ပြီး ဒီစုံတွဲကို ဖော်ထုတ် အရေးယူနိုင်ဖို့ ထိုင်းရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေခဲ့တဲ့ဖြစ်ရပ်ပါ။
အဲဒီ ၁၅ စက္ကန့်စာ လိင်ဆက်ဆံမှု ဗီဒီယိုဖိုင်ဟာ ထိုင်းတောင်ပိုင်းခရီးသွားကျွန်းဖြစ်တဲ့ ဖူးခက်မြို့နယ်၊ မြို့ပတ်လမ်းပေါ်မှာ ရိုက်ကူးထားတာဖြစ်ပြီး မနေ့က ဗုဒ္ဓဟူးနေ့ညကစ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့သွားခဲ့တာပါ။ ဗီဒီယိုထဲမှာ အမျိုးသမီးတစ်ယောက်က အရှိန်ပြင်းပြင်းမောင်းနေတဲ့ အနက်ရောင်ပစ်ကပ်ကားပေါ်မှာ ဘားတန်းကို ချည်ထားတဲ့ကြိုးကို မတ်တပ်ရပ်ရင်း ကိုင်ထားတာတွေ့ရပြီး အမျိုးသားကတော့ နောက်ကနေ အမျိုးသမီးရဲ့ ခါးကို ဖက်ထားကာ လိင်ဆက်ဆံနေတာ တွေ့ရပါတယ်။
ဖူးခက်ခရိုင် ခရီးသွားရဲတပ်ဖွဲ့အကြီးအကဲ ရဲမှူးကြီး အက်ခ်ချိုင် ဆီရီကတော့ အဲဒီဖြစ်ရပ်ဟာ ဗုဒ္ဓဟူးနေ့ညက ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီစုံတွဲက ရုရှားလူမျိုးတွေဖြစ်တယ်လို့ ပြောပါတယ်။ ရဲတွေက အဲဒီစုံတွဲကို ဖမ်းမိခဲ့ရင် အနည်းဆုံးတော့ လူမြင်ကွင်းမှာ မသင့်လျော်တဲ့ လုပ်ရပ်ကျူးလွန်မှုနဲ့ စွဲချက်တင်ခံရမှာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
အဲဒီဗီဒီယိုနဲ့ပတ်သက်ပြီး မှတ်ချက်ပေးတဲ့ လူမှုကွန်ရက်အသုံးပြုသူတစ်ဦးကတော့ အဲဒီ နိုင်ငံခြားသားတွေကို ဖမ်းဆီးပြီး ထိုင်းနိုင်ငံထဲကနေ ထာဝရပြည်နှင်ဒဏ်ပေးသင့်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
ဖူးခက်မြို့နယ် ရဲစခန်းမှူးဖြစ်သူ ရဲမှူးကြီး ချတ်ထရီး ချူးကဲလ်ကတော့ သူတို့ဟာ ရုရှားအမျိုးသားကို ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်းနဲ့ လူမှုကွန်ရက်ပေါ်မှာ ညစ်ညမ်းဗီဒီယိုတွေ တင်ခဲ့တဲ့ ရာဇဝင်ရှိသူဖြစ်ကြောင်း ထပ်မံပြောကြားခဲ့ပါတယ်။ လူမြင်ကွင်းမှာ မသင့်လျော်တဲ့ လုပ်ရပ်လုပ်ရင် ဘတ် ၅,၀၀၀ အထိ ဒဏ်ရိုက်နိုင်တယ်လို့လည်း သူက ပြောခဲ့ပါတယ်။
နောက်ဆုံးသတင်းတွေအရတော့ ကားပေါ် လိင်ဆက်ဆံခဲ့တဲ့ ရုရှားနိုင်ငံသားစုံတွဲကို ဖမ်းမိခဲ့ပြီလို့လည်း သိရပါတယ်။
Ref, Bangkok Post
◾️ Website တွင် ဆက်လက် ဖတ်ရှုရန်
Ref, Thai PBS
#ထိုင်း #ရုရှား #လိင်ဆက်ဆံ #Publicsex #sexmovie #ဖမ်းဆီး #MT #mtnews #MyanmarTransparency
