
၂၈. ၈. ၂၀၂၅
Written by Nyein Kyaw
၂၀၂၅ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် USDP ၊ တစည၊ PPP ၊ DNP ၊ MFDP ၊ NDF ၊ ကျားဖြူ၊ အမျိုးသမီးပါတီ(မွန်)၊ NDF နှင့် ပြည်သူ့ပါတီ စသည့်ပါတီ ၉ ပါတီအနေဖြင့် ပြည်ထောင်စုတစ်ဝန်းလုံး မဲဆွယ်စည်းရုံးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ယနေ့တွင် ဖြေကြားထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုပြီးသော တည်ဆဲနိုင်ငံရေးပါတီ ၆၁ ပါတီရှိပြီး ယင်းတို့အနက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (DNP)၊ မြန်မာနိုင်ငံတောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (MFDP)၊ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)၊ အမျိုးသမီးပါတီ (မွန်)၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)နှင့် ပြည်သူ့ပါတီ (PP)တို့သည် ပြည်ထောင်စုတစ်ဝန်းလုံး မဲဆွယ်စည်းရုံးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်းသာ စည်းရုံးမည့် နိုင်ငံရေးပါတီ ၅၂ ပါတီစာရင်းကိုလည်း ပူးတွဲထုတ်ပြန်ပေးထားသည်။

