
၁၆. ၈. ၂၀၂၅
Written by Nyein Kyaw
မန္တလေးအိုးဘိုအကျဉ်းထောင်၊ အမျိုးသားဆောင်ကို ဒရုန်းနှင့် Drop ဗုံးချ တိုက်ခိုက်ခံရမှုမရှိကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့ ညပိုင်းတွင် ဖြေကြားထားသည်။
မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်ရှိ အမျိုးသား အဆောင် ၄ နှင့် အဆောင် ၆ အပေါ်ကို ဩဂုတ်လ ၈ ရက် နံနက် ၁၀ နာရီခွဲတွင် ဒရုန်းဗုံး ၃ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ၇ ဦး ပွဲချင်းပြီး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ ဗဟိုကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောခဲ့သည်ဆိုကာ ပြည်ပရောက် Exile Media များက ဖော်ပြခဲ့ကြသည်။
ယင်းကဲ့သို့ အိုးဘိုထောင်အား ဒရုန်းဖြင့် Drop ဗုံးချတိုက်ခိုက်ခံရမှုဖြစ်စဉ် ဖြစ်ပွားခဲ့မှုရှိမရှိ ပြည်တွင်းရှိမီဒီယာများက ဆက်သွယ်မေးမြန်းခဲ့ရာ သတင်းထုတ်ပြန်ရေးအဖွဲ့က “မန္တလေးအကျဉ်းထောင် Drop ဗုံးကျမှု မဟုတ်ပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။
