၁၄.၈.၂၀၂၅
Written By Thandar
“မင်းစချော့ပါ” တေးသီချင်းအပါအဝင် စုံတွဲတေးသီချင်းတွေနဲ့ ပရိသတ်အကြိုက်တွေ့စေခဲ့တဲ့ အဆိုတော် သီရိဆွေကတော့ သူ့ရဲ့ မွေးနေ့ဖြစ်တဲ့ ယနေ့ ဩဂုတ် ၁၄ ရက်မှာ “Yes I Do” သီချင်းသစ်လေး တစ်ပုဒ်ကို ပရိသတ်အတွက်လက်ဆောင်ပေးခဲ့ပါတယ်။
“ Yes I Do ” ဆိုတဲ့ သီချင်းအသစ်လေး Teaser တင်ပါတယ်။ အကြာကြီးဆို အကြာကြီးနေမှ ထွက်တဲ့သီချင်းလေးကို အားပေးကြမှာလားလို့” အဆိုတော် သီရိဆွေက ပြောပါတယ်။
သူမကတော့ အနုပညာဂီတလမ်းကြောင်းပေါ်မှာ ပရိသတ်နဲ့တော်တော်လေးကို အလှမ်းဝေးခဲ့တာလည်းဖြစ်ပြီး မွေးနေ့အမှတ်တရအနေနဲ့ ယနေ့ဩဂုတ် ၁၄ ရက်မှာ Yes I Do Music Video ကို အကောင်းဆုံး ရိုက်ကူးပုံဖော်ပြီး စတင်ထွက်ခဲ့တာပါ။ အဆိုတော်သီရိဆွေကတော့ ပရိသတ်နဲ့ ပြန်လည်နီးစပ်မှုရရှိဖို့အတွက် သူမရဲ့ သီချင်းဟောင်းလေးတွေကို Facebook Page, YouTube တွေကနေလည်း တင်ပေးလျက်ရှိပါတယ်။
“သူငယ်ချင်း သီရိဆွေရဲ့ သီချင်းသစ်ထွက်တာမှာမို့ စောင့်မျှော်ပါတယ်”လို့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က ပရိသတ်သိအောင်ပြောပါတယ်။
#သီရိဆွေ #ThiriSwe #SaiSai #MyanmarSinger #YesIdo #MyanmarCele #CeleBirthday


