
MT News
၇. ၈. ၂၀၂၅
ယာယီသမ္မတဦးမြင့်ဆွေ ယနေ့ ကွယ်လွန်မှုအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် သုံးရက်သတ်မှတ်ကြောင်း ကြေညာခဲ့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ ဦးမြင့်ဆွေသည် ယနေ့ နံနက် ၈ နာရီ ၂၈ မိနစ်တွင် အမှတ်(၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) ၌ ကွယ်လွန်သွားခဲ့ပြီး ဈာပနကို နိုင်ငံတော်ဈာပနအဖြစ် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
သို့ဖြစ်ပါ၍ ယနေ့ ၂၀၂၅ ခုနှစ်၊ဩဂုတ် ၇ ရက်မှ ၉ ရက်နေ့အထိ ကာလကို နိုင်ငံတော်အဆင့် ဝမ်းနည်းကြောင်းအထိမ်းအမှတ်ကာလအဖြစ် ကြေညာထားရှိကြောင်းနှင့် အဆိုပါကာလအတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား တိုင်ဝက် လျှော့ချ၍ လွှင့်ထူသွားကြရန် ညွှန်ကြားထားရှိကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ကြေညာထားသည်။
