Yangon UG Association (YUA) ၏ Logo

MT News

Written by Thettant

ရွှေပြည်သာမြို့နယ် အမှတ် (၂၆) ရပ်ကွက်မှ ကျောင်းကုန်းအုပ်ချုပ်ရေးမှုးရုံးအား အောက်တိုဘာ ၅ ရက်တွင် Generation Z Defence Force (GZDF) က ဗုံးနှစ်လုံးခွဲရာ ပြည်သူများပါ ထိခိုက်ခဲ့သည်ဟု Yangon UG Association (YUA) က ထုတ်ပြန်သည်။

Yangon UG Association (YUA) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားချက်အရ မြို့ပြတွင် SAC အနေဖြင့် လုံးဝအုပ်ချုပ်ခွင့်မရစေရန် SAC ၏ဒေါက်တိုင်များကို ရိုက်ချိုးမည်ဟူသော ရည်ရွယ်ချက်နှင့်အညီ YUA အဖွဲ့ဝင်ဖြစ်သော Generation Z Defence Force (GZDF) မှ ရွှေပြည်သာမြို့နယ် အမှတ် (၂၆) ရပ်ကွက် ကျောင်းကုန်း အုပ်ချုပ်ရေးမှူးရုံး ကို ယနေ့ညနေ ၃ နာရီခန့်တွင် အဝေးထိန်းဗုံးနှစ်လုံးနှင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

ထိုဖောက်ခွဲတိုက်ခိုက်မှုအတွင်း ရုံးစာရေးတစ်ဦးနှင့် ဧည့်စာရင်းလာတိုင်သူအချို့ ထိခိုက်ခဲ့ကြောင်းသိရှိရသည် ။ ထိုကဲ့သို့ ပြည်သူများ ထိခိုက်နစ်နာရမှုကို တောင်းပန်ကြောင်းနှင့် PDF များ ထိခိုက်မှုမရှိ ဘေးကင်းလုံခြုံစွာ ဆုတ်ခွာလာနိုင်ခဲ့ကြောင်း YUA က ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုကို Yangon UG Association ( YUA) ၏ ”ပြည်သူ့ကမ်းလက်များ စစ်ဆင်ရေး” စစ်ရေးဖော်ဆောင်မှု၏ တစ်စိတ်တစ်ဒေသဖြစ်ပြီး ပဉ္စမမြောက်ဖော်ဆောင်မှုဖြစ်သည်ဟုလည်း YUA ၏ ပြန်ကြားရေးတာ၀န်ခံ ဆရာကျောင်းက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *