၂၆.၇.၂၀၂၅
Translated by Htwe Ko Tun
သီရိလင်္ကာအစိုးရက နိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသွားကဏ္ဍ တိုးမြှင့်ရေးကို ရည်မှန်းပြီး နိုင်ငံပေါင်း ၄၀ အတွက် ပြည်ဝင်ခွင့်ဗီဇာခတွေကို လျှော့ပေါ့ပေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ အဆင့်မြင့်ဝန်ကြီးတစ်ဦးက ဇူလိုင် ၂၅ ရက်မှာ ပြောခဲ့ပါတယ်။
ကိုလမ်ဘိုမြို့မှာကျင်းပတဲ့ Hotel Show Colombo 2025 ပြပွဲမှာ သီရိလင်္ကာအစိုးရ နိုင်ငံခြားရေး၊ နိုင်ငံခြားအလုပ်အကိုင်နဲ့ ကမ္ဘာလှည့်ခရီးသွားဝန်ကြီး ဗီဂျီသာ ဟီရတ်က ဒီဆုံးဖြတ်ချက်ကို မကြာသေးခင်က အစိုးရအဖွဲ့ အစည်းအဝေးမှာ ချမှတ်ခဲ့တာလို့ပြောခဲ့ပါတယ်။
သီရိလင်္ကာအစိုးရက မကြာသေးခင်ကဘဲ နိုင်ငံ ခုနစ်နိုင်ငံကို ပြည်ဝင်ခွင့်ဗီဇာအခမဲ့နဲ့ လာရောက်လည် ပတ်နိုင်ကြဖို့ ဆောင်ရွက်ခဲ့ပါသေးတယ်။ ဝန်ကြီးက ခုလို ပြည်ဝင်ခွင့်ဗီဇာခတွေကို နိုင်ငံပေါင်း ၄၀ အ တွက် လျှော့ပေါ့ပေးခဲ့တာကြောင့် တိုက်ရိုက်ဝင်ငွေ အမေရိကန်ဒေါ်လာ ၆၆ သန်းလောက် နစ်နာရမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် အစိုးရအနေနဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ပိုမိုကျယ်ပြန့်လာမယ်ဆိုရင် သွယ်ဝိုက်ရရှိနိုင်တဲ့ဝင်ငွေက ဒီထက်ပိုပြီး များပြားလိမ့်မယ်လို့ ခန့်မှန်းထားတယ်လို့လည်း ဆိုပါတယ်။
ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းက သီရိလင်္ကာနိုင်ငံရဲ့ နိုင်ငံခြားငွေ ရရှိနိုင်တဲ့နည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ သီရိလင်္ကာနိုင်ငံအနေနဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကနေ ၂၀၂၄ ခုနှစ်မှာ ဒေါ်လာ ၃ ဒသမ ၁၇ ဘီလျံနီးပါး ဝင်ငွေရရှိခဲ့ပါတယ်။
Ref- Xinhua



