၁၇.၇.၂၀၂၅.
Translated by Htwe Ko Tun
ထိုင်းနိုင်ငံရဲ့ အရှေ့မြောက်ပိုင်း၊ ကမ္ဘောဒီးယားနိုင်ငံနဲ့နယ်စပ်မှာရှိတဲ့ ယူဒုန်ရတ်ချာသနီ ပြည်နယ်၊ နမ်းယွန်းခရိုင်၊ ချုန်ဘုတ်နယ်မြေအတွင်းမှာ ဇူလိုင်လ ၁၆ ရက်က မြေမြှုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့လို့ ထိုင်းစစ်သားသုံးဦးဒဏ်ရာရရှိခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။
ထိုင်းနိုင်ငံ အမှတ် (၂) စစ်ဒေသက ဇူလိုင်လ ၁၆ ရက်ညမှာ သတင်းထုတ်ပြန်ရာမှာ ထိုင်းတပ်ဖွဲ့ဝင်သုံးဦး ပါဝင်တဲ့ တပ်ဖွဲ့ဝင် ၁၄ ဦးပါ အုပ်စုဟာ မိုရာကော့ စစ်ဆင်ရေးအခြေစိုက်စခန်းမှ တောင်ကုန်းအမှတ် ၄၈၁ ကို ကင်းလှည့်လာကြတုံး မွန်းလွဲ ၁ နာရီခွဲမှာ ထိုင်းစစ်သားတစ်ဦးက မြေမြှုပ်မိုင်းကို နင်းမိပြီးပေါက်ကွဲခဲ့တာလို့ ဖော်ပြခဲ့ပါတယ်။
ပေါက်ကွဲမှုမှာ တပ်ဖွဲ့ဝင်သုံးဦးဒဏ်ရာရခဲ့ပြီး တပ်သား သာနာပတ် ဟူဝမ်က ဘယ်ဘက်ခြေထောက် ခြေကျင်းဝတ်ကနေ ပြင်းပြင်းထန်ထန်ဒဏ်ရာရခဲ့တာပါ။ သူက သတိရလျက်ရှိနေသေးတာမှာ ရှေးဦးသူနာပြုနည်းနဲ့ အရင်ဆုံးစောင့်ရှောက်ပေးခဲ့ပြီး ဆားဓာတ်၊ အောက်ဆီဂျင်တို့ပေးကာ ပြည်နယ်အတွင်းရှိ ဆန်ပါဆစ်သီရာဆွန် ဆေးရုံကို တခြားဒဏ်ရာရတပ်ဖွဲ့ဝင်နှစ်ဦးနဲ့အတူ ရဟတ်ယာဉ်နဲ့ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။
တပ်သား သာနာပတ်အနေနဲ့ ခွဲစိတ်မှုတစ်ခုခံယူရမှာဖြစ်ပြီး ပိုးကူးစက်ဝင်ရောက်တာမရှိဖို့ ဆရာဝန်တွေက အထူးဂရုစိုက်စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
တခြားဒဏ်ရာရတပ်သားနှစ်ဦးကတော့ ရင်ဘတ်နာကျင်မှုတွေ ခံစားနေရတယ်လို့ သိရပါတယ်။
Ref- Bangkok Post


