


၅.၇.၂၀၂၅
Written By Thandar
Family Drama ဇာတ်လမ်းပုံစံ “ငြိုး”ဇာတ်လမ်းတွဲ မိတ်ဆက်ပွဲနဲ့ ပရိသတ်တွေ့ဆုံပွဲအခမ်းအနားကို ယနေ့ ဇူလိုင် ၅ ရက် နေ့လယ် ၂ နာရီက ရန်ကုန်မြို့၊Junction City Promotion Area မှာ ကျင်းပခဲ့ပါတယ်။
ဒီဇာတ်ကားမှာ ဇာတ်ကောင်အမည်တွေဖြစ်တဲ့ အေးချမ်းမောင်@မော်ကွန်းသစ်၊ ဖုန်းသီရိကျော်@လရိပ်နဲ့ ဆောင်းဝတ်ရည်မေ@ဆူးတို့နဲ့ ပရိသတ်တွေ တွေ့ဆုံပွဲကို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ဒီကားအကြောင်းနဲ့ ပတ်သက်ပြီး အကောင်းဆုံး ပုံဖော်ခဲ့ကြပါတယ်။
“လူတိုင်းက စိတ်ညစ်လာရင် သီချင်းအော်ဆိုတတ်ကြတဲ့သူတွေရှိသလို ညည်းညူကြတဲ့ ပုံစံတွေ အမျိုးစုံရှိကြပါတယ်။ အမကတော့ ငြီးတွားသံကနေစပြီးတော့ ငြိုးဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ရေးခဲ့တဲ့ ဇာတ်လေး ဖြစ်လာတာပါ။ ဆွဲထုတ်လိုက်ချိန်မှာ ငြိုး ဇာတ်လမ်းတွဲဖြစ်လာတာပါ”လို့ ဒါရိုက်တာ စနိုးမိုင်လီက ပြောပါတယ်။
အဆိုပါ ဇာတ်လမ်းတွဲကို ဇာတ်ညွှန်း ထက်မြတ်နိုင်ဇင်၊ ဇာတ်လမ်းနဲ့ ဒါရိုက်တာ စနိုးမိုင်လီက သရုပ်ဆောင်တွေဖြစ်တဲ့ အေးချမ်းမောင်၊ ဖုန်းသီရိကျော်၊ ဆောင်းဝတ်ရည်မေ၊ ဝေဖြိုး၊ နန်းအိန္ဒြေ၊ ဟိန်းရွိုင်ရယ်လ်၊ ကလေးသရုပ်ဆောင် ဘုန်းမြတ်မင်းစံ စတဲ့သူတွေနဲ့ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။
“ရိုက်နေကြဖြစ်တဲ့ ချစ်စရာကောင်းတာလေးတွေ သွက်သွက်လက်လက်လေးတွေ၊ ယဉ်ယဉ်ကျေးကျေး ကောင်မလေးနေရာပဲ ရိုက်နေကြမို တစ်ခေါက်လောက်တော့ အမြင်ပြောင်းသွားအောင် ဆူးကာရိုက်တာကို တုတု လက်ခံလိုက်တာပါ။ ခုကြည့်နေတဲ့ ပရိသတ်တွေလည်း သဘောကျကြတယ်လို့ ပီတိဖြစ်ရပါတယ်”လို့သရုပ်ဆောင် ဆောင်းဝတ်ရည်မေက ပြောပါတယ်။
အဆိုပါ ဇာတ်လမ်းတွဲကို ဇာတ်ညွှန်း ထက်မြတ်နိုင်ဇင်၊ ဇာတ်လမ်းနဲ့ ဒါရိုက်တာ စနိုးမိုင်လီက သရုပ်ဆောင်တွေဖြစ်တဲ့ အေးချမ်းမောင်၊ ဖုန်းသီရိကျော်၊ ဆောင်းဝတ်ရည်မေ၊ ဝေဖြိုး၊ နန်းအိန္ဒြေ၊ ဟိန်းရွိုင်ရယ်လ်၊ ကလေးသရုပ်ဆောင် ဘုန်းမြတ်မင်းစံ စတဲ့သူတွေနဲ့ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။
“ငြိုး” ဇာတ်လမ်းတွဲကို ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့ကစပြီး အပတ်စဥ် စနေနေ့နဲ့ တနင်္ဂနွေနေ့ ည ၇ နာရီမှာ M Entertainment Channelနဲ့ Be Bee TV မှာ ထုတ်လွှင့်ပြသနေလျက်ရှိပါတယ်။