၃. ၇. ၂၀၂၅
Written by Nay Moe
စက်လှေဖြင့် ရောက်လာသည့် PDF များက သားဖြစ်သူကို သေနတ်ဖြင့် ပစ်သတ်ပြီး ဖခင်ကို ဖမ်းဆီးသွားမှု မြင်းခြံမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သည်။
ဖြစ်စဥ်မှာ ဇူလိုင် ၁ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ သင်္ဘောတင်ကျေးရွာသို့ PDF အဖွဲ့ (အင်အားစိစစ်ဆဲ)က စက်လှေတစ်စီးဖြင့် ရောက်ရှိလာပြီး အဆိုပါကျေးရွာနေ ကိုငြိမ်းဇော်ဦး(ခ)ချက်ကြီး(၂၅)နှစ်အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ ၎င်း၏ဖခင်ဖြစ်သူ ဦးမောင်ပို(၅၂)နှစ်အား ဖမ်းဆီးခေါ်ဆောင်၍ ပတ္တာ (အနောက်) ကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။
နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုကာလအထိကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်မှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH,NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။
