
၂၅.၆.၂၀၂၅
Written by KL
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ခလွန်ကျေးရွာနှင့် စပ္ပနူးကျေးရွာကြားရှိ ရော်ဘာသိုလှောင်ရုံတွင် ဖြစ်ပွားခဲ့သော မီးလောင်မှုမှာ သစ်သားခုံပေါ်တွင် ခြင်ဆေးခွေထွန်းထားရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများထံမှ သိရသည်။
ယမန်နေ့ ဇွန်လ ၂၄ ရက် နံနက် ၂ နာရီ ၂၅ မိနစ်ခန့်က ကျိုက်ထိုမြို့နယ်၊ ခလွန်ကျေးရွာနှင့် စပ္ပနူးကျေးရွာကြားရှိ အလျား ပေ ၂၀၊ အနံ ပေ ၃၀ ရှိသော သွပ်မိုး၊ အုတ်ညှပ်တစ်ထပ် ရာဘာသိုလှောင်ရုံတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး သိုလှောင်ရုံနှင့် ရော်ဘာ အညံ့စား ပေါင်ချိန် ၈၀၀၀ ခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုမှာ နှစ်နာရီနီးပါး ကြာမြင့်ခဲ့ပြီး ကျိုက်ထိုမြို့နယ် မီးသတ်စခန်းမှ သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်နှစ်စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ ၁၄ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
ရော်ဘာသိုလှောင်ရုံမီးလောင်မှုကြောင့် မန်နေဂျာ ဦးအောင်ကိုလတ်ကို ရာဇာသတ်ကြီးဉပဒေပုဒ်မ ၂၈၅ ဖြင့် သိမ်ဇရပ်နယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
