
MT News
၁၇. ၆. ၂၀၂၅
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် မူဆယ်မြို့ ၊ စွမ်စော်ရပ်ကွက်နှင့် ကောင်းမှုတုံ ရပ်ကွက်အတွင်း၌ တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသားများ ပူးပေါင်းကာ Online ငွေကြေး လိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်နေကြောင်း သတင်းအရ သက်သေများနှင့်အတူ ရှာဖွေစစ်ဆေးခြင်းများ လုပ်ကိုင်ခဲ့သည်။
ထိုသို့ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ အိမ်အမှတ် (မဆ-၄၀၀)ရှိ အိမ်ပိုင်ရှင်(စိစစ်ဆဲ)၏ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ တရားမဝင် အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား အမျိုးသား ၄၀ ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသား ၃၃ ဦး၊ အမျိုးသမီး ၁၀ ဦးတို့အား လက်ကိုင်ဖုန်းမျိုးစုံ ၁၂၀ လုံး၊ ကွန်ပျူတာမျိုးစုံ ၈၆ လုံး၊ WiFi စက် ၃ လုံး၊ Crown မော်တော်ယာဉ်တစ်စီးတို့ဖြင့် ဖမ်းမိခဲ့သည်။

ထို့အပြင် ကောင်းမှုတုံရပ်ကွက်၊ အိမ်အမှတ်(ဟန-၈)ရှိ အိမ်ပိုင်ရှင် (စိစစ်ဆဲ)၏ နေအိမ်အတွင်းမှ တရားမဝင် အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား အမျိုးသား တစ်ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၂၆ ဦး၊ အမျိုးသမီး ၂၈ ဦးတို့အား ကွန်ပျူတာမျိုးစုံ ၁၆ လုံး၊ လက်ကိုင်ဖုန်းမျိုးစုံ ၃၃၄ လုံး၊ WiFi စက် ၃ လုံး၊ Crown မော်တော်ယာဉ်တစ်စီး၊ TOYOYA LANDCRUISER မော်တော်ယာဉ်တစ်စီးတို့ဖြင့်လည်းကောင်း စစ်ဆေးတွေ့ရှိသိမ်းဆည်း ဖမ်းဆီးရမိခဲ့သည်။
အထက်ပါဖြစ်စဉ်တွင် ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသား အမျိုးသား ၄၁ ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသား ၅၉ ဦးနှင့် အမျိုးသမီး ၃၈ ဦးတို့အား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
