၁၇.၆.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းအစိုးရက နယ်စပ်ဖြတ်သန်းရေးဂိတ်များအားလုံးကို အပြည့်အဝဖွင့်ပေးရန်ငြင်းဆိုမှုကို တုံ့ပြန်သည့်အနေဖြင့် ကမ္ဘောဒီးယားအစိုးရက ထိုင်းနိုင်ငံမှအသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များတင်သွင်းမှုကို ဇွန်လ ၁၇ ရက်တွင် ပိတ်ပင်ခဲ့ကြောင်း သိရသည်။
ကမ္ဘောဒီးယား လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆော့ခ်ဗီးစ်နာက နယ်စပ်ဂိတ်အားလုံးတွင် ထိုင်းနိုင်ငံမှ တင်သွင်းသောအသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များကို ပိတ်ပင်တားမြစ်ကြောင်း ပြောကြားခဲ့သည်။
အထက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည့် ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က ထိုင်းနိုင်ငံက နယ်စပ်ဖြတ်ကျော်ဂိတ်များအားလုံးကို အပြည့်အဝပြန်ဖွင့်ပေးရန် ဇွန်လ ၁၆ ရက်က တောင်းဆိုခဲ့ပြီး သို့မဟုတ်ပါက ထိုင်းထုတ်ကုန်များကို ပိတ်ပင်မှုကြုံရမည်ဟု ပြောခဲ့သည်။
နှစ်နိုင်ငံစလုံးက နယ်စပ်ပြဿနာ ဖြစ်နေကြသော်လည်း နယ်စပ်ကို လူများဖြတ်သန်းခွင့် ခွင့်ပြုထားခဲ့ပြီး ကမ္ဘောဒီးယားဘက်က ထိုင်းကုန်ပစ္စည်းများကိုပါ ခွင့်ပြုထားသည်။
ဤပိတ်ဆို့မှုအမိန့်ကြောင့် ထိုင်းနိုင်ငံမှအသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များ ဘယ်ဆောင်ထားသော ကုန်ကားများနယ်စပ်ဂိတ်များတွင် တားမြစ်ခံထားရကာ ရပ်တန့်နေသည်ကို ဇွန်လ ၁၇ ရက် နံနက်တွင် တွေ့ကြရသည်။
Ref- Bangkok Post
