
MT News
၁၅. ၆.၂၀၂၅
ရုရှားနိုင်ငံ သမ္မတ ပူတင်နှင့် အမေရိကန်နိုင်ငံ သမ္မတ ထရမ့်တို့သည် ဇွန်လ ၁၄ ရက်တွင် ဖုန်းဖြင့်ဆက်သွယ်၍ ယူကရိန်းအခြေအနေနှင့် အစ္စရေးက အီရန်အပေါ် စစ်ရေးလှုပ်ရှားမှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း ရုရှားသမ္မတ လက်ထောက် Yuri Ushakov က မီဒီယာများကို ပြောကြားခဲ့သည်။
နှစ်ဖက်အနေဖြင့် မိနစ် ၅၀ ကြာ ဆွေးနွေးခဲ့ပြီး ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးမှုသည် “အကျိုးရှိကြောင်း” Yuri Ushakov က ဆိုသည်။ ပူတင်က ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးရာတွင် ရုရှားနှင့် ယူကရိန်းတို့ စစ်သုံ့ပန်းချင်း လဲလှယ်မှုအခြေအနေကို မိတ်ဆက်ပြောကြားခဲ့ပြီး ရုရှားအနေဖြင့် ဇွန်လ ၂၂ ရက်ပြီးနောက် ယူကရိန်းနှင့် ဆက်လက် ဆွေးနွေးညှိနှိုင်းလိုကြောင်း အတည်ပြုခဲ့သည်။ ပူတင်က အီရန်အပေါ် အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုကို ရှုတ်ချခဲ့ပြီး နှစ်နိုင်ငံအတွက် စေ့စပ်ညှိနှိုင်းပေးလိုကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် “သဘာဝကျကျပဲ။ ဒါက အရှေ့အလယ်ပိုင်းမှာ အခြေအနေတွေ အန္တရာယ်ရှိစွာ တင်းမာလာနေတာကို အဓိကထား ဆွေးနွေးခဲ့တာပါ” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ယင်းအပြင် အစ္စရေးက အီရန်အပေါ် စစ်ရေးလှုပ်ရှားမှုများကို ပူတင်က ပြစ်တင်ရှုတ်ချခဲ့ပြီး ပဋိပက္ခ ပိုမိုပြင်းထန်လာနိုင်ဖွယ်ရှိသည့်အပေါ် ပြင်းထန်စွာ စိုးရိမ်ကြောင်း ဖော်ပြခဲ့ရာ ယင်းသည် အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးအတွက် ခန့်မှန်းရခက်သော အကျိုးဆက်များ ဖြစ်ပေါ်စေမည်ဖြစ်ကြောင်းကို ၎င်းက “ပဋိပက္ခ ပိုမိုပြင်းထန်လာတာကို တားဆီးဖို့ရဲ့ အရေးပါမှုကို ပူတင်က အလေးပေးပြောကြားခဲ့ပြီး ရုရှားဘက်က ကြားဝင်စေ့စပ်ရေး ကြိုးပမ်းမှုတွေမှာ ပါဝင်ဖို့ အသင့်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ထရမ့်ကလည်း အခြေအနေကို အလွန်အမင်း စိုးရိမ်စရာအဖြစ် ရှုမြင်ကြောင်း ပြောကြားခဲ့ပြီး ရုရှားနှင့် အမေရိကန်သမ္မတတို့သည် အီရန်၏ နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ ဆွေးနွေးပွဲလမ်းကြောင်းသို့ ပြန်လည်ရောက်ရှိရေးကို ပယ်ချခြင်းမရှိကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
ထို့အတူ ထရမ့်က အစ္စရေးနှင့် အီရန်တို့၏ သက်ဆိုင်ရာအခြေအနေသည် “အလွန်အမင်း စိုးရိမ်ပူပန်စေ” ကြောင်း ပြောကြားခဲ့ပြီး တစ်ချိန်တည်းတွင် အစ္စရေးက အီရန်အပေါ် တိုက်ခိုက်မှုသည် “ထိရောက်မှုရှိ”ကြောင်း၊ အမေရိကန် ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အနေဖြင့် အီရန်နှင့်အတူ အီရန်နျူကလီးယားအရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာလုပ်ငန်းများ ပြန်လည် လုပ်ဆောင်သွားလိုကြောင်းလည်း ပြောကြားခဲ့သည်။ ထရမ့်က ယူကရိန်းအကျပ်အတည်းအား ဆောလျင်စွာ အဆုံးသတ်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
နှစ်နိုင်ငံခေါင်းဆောင်များက ဆွေးနွေးရာတွင် နှစ်နိုင်ငံက ဒုတိယကမ္ဘာစစ်ကာလအတွင်း ရဲဘော်ရဲဘက် သံယောဇဉ်အကြောင်းပြောကြားခဲ့ပြီး အပြန်အလှန်၏ “အပြုသဘောဆောင်သော ပုဂ္ဂိုလ်ရေးဆက်ဆံမှု” အပေါ် ကျေနပ်မှုရှိကြကြောင်း ပြောကြားခဲ့သည်ဟု Yuri Ushakov က ဆိုသည်။
Ref, Xinhua
