၃၀. ၁. ၂၀၂၃
Written by Nay Moe

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြိုနယ်၊ ၂ ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ ရတနာမွန်အိမ်ယာအနီးတွင် နံနက်ခင်းလမ်းလျှောက်ထွက်လာသော ရွှေဝါဆပ်ပြာစက်ရုံမှ ဒုတိယအထွေထွေမန်နေဂျာကို ဗိုလ်ကြီးဟောင်းဟုဆိုကာ ယနေ့နံနက်တွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဥ်မှာ ယနေ့ ဇန်နဝါရီ ၃၀ ရက် နံနက် ၆ နာရီ ၂၅ မိနစ်အချိန်တွင် ရွှေဝါဆပ်ပြာစက်ရုံမှ ဒုတိယအထွေထွေမန်နေဂျာ ဦးမြင့်စိုးသည်စက်ရုံမှလမ်းလျှောက်ထွက်လာပြီး အသုပ်ဝယ်နေစဉ် ဘတ္ထရီစက်ဘီးဖြင့် လူနှစ်ဦးရောက်လာပြီး သေနတ်ဖြင့်ပစ်သဖြင့် မျက်နှာတွင် ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သိရသည်။

“သူ့ကို လူအများစုက တပ်ကနေ ရောက်လာတဲ့ အငြိမ်းစားဗိုလ်ကြီးလို့ပဲ သိကြတာ။ ပြီးတော့ ရွှေဝါဆပ်ပြာရုံနားမှာရှိကြတဲ့ ကျုးတွေကို သူကဦးဆောင်ပြီး ရှင်းလင်းတဲ့ အငြိုးအတေးကလည်းရှိတော့ အခုလိုမျိုးအသတ်ခံရတော့တာပဲ” ဟု အဆိုပါစက်ရုံအနီးနေထိုင်သူဒေသခံတစ်ဦးက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News