၂၈.၅.၂၀၂၅
Written By Thandar
ဂီတလမ်းကြောင်းပေါ်တင်မဟုတ်ဘဲ သရုပ်ဆောင်ပိုင်းမှာပါ ပရိသတ်အားပေးမှုများစွာရရှိလာတဲ့ အကယ်ဒမီနေဝင်းကတော့ ဖီလင်ရုပ်ရှင်ဇာတ်ကား ရိုက်ကူးချိန် ဒါရိုက်တာဝိုင်းဆီက ပညာရတာနဲ့တင်တန်နေပြီလို့ ဖွင့်ဟလာပါတယ်။
“ဆံပင်ပုံစံတွေ Change ပြီးမှ ရိုက်ဖို့ရှိပါတယ်။ ဒီဆံပင်နဲ့ရယ်လို့တော့ မဟုတ်ပါဘူး။ ဆံပင်ရှည်လို့ နှမြောတာတော့ မဟုတ်သေးပါဘူး။ တကယ်လိုအပ်နေတဲ့ ကာရိုက်တာဆိုရင်တော့ ညှပ်မှာပါ။ ဆံပင်အရှည်နဲ့ပဲ ဇာတ်ကားတိုင်းကို ရိုက်မှာ မဟုတ်ပါဘူး။ ဆံပင်ပုံစံ ပြောင်းဖို အစီအစဉ် ရှိပါတယ်။ ဥပမာ- မြန်မာနိုင်ငံက Top 10 သူဌေးကာရိုက်တာဆိုရင်တော့ ကျွန်တော်ညှပ်သင့်ရင် ညှပ်မယ်။ ဆရာဝန်ကာရိုက်တာတို့ ညှပ်ရမှာပေါ့။ Delivery ဆိုရင်တော့ ဆံပင်ပုံစံတွေ သိပ်မလိုအပ်တော့ဘူးပေါ့နော်။ ဗြောသံနဲ့ ဖီလင်ရဲ့ အမှန်တော့ ဆံပင်ပုံစံ သွားတူနေတာ။ နည်းနည်းဆီ ဆံပင်က ကွဲပါတယ်။ ကျွန်တော်နဲ့လိုက်ဖက်ပုံရွေးလိုက်တော့ ဒီပုံဖြစ်သွားတာပါ။ အဓိက တူရခြင်းရဲ့အကြောင်းရင်းက နှစ်ကားက ကပ်လျက်ရုံတင်လိုက်တော့လေ။ ဗြောသံနဲ့ ဖီလင် ရုံတင်ချိန်မှာ ဇာတ်ကားက ရှေ့ဆင့်နောက်ဆင့် ဖြစ်သွားတာပါ။ ကျွန်တော်ပဲ တောင်းပန်ပါတယ်။ ဆံပင်ကိုမေ့ပြီးကြည့်ပေးပါ။ ဖီလင်ဇာတ်ကားက ကိုဝိုင်းကိုယ်တိုင် ဦးဆောင်ပြီးတော့ ဒီရုပ်ရှင်ကားကို တက်တက်ကြွကြွ ရိုက်ကူးတော့ ကျွန်တော်တို့ Actor တွေက ပိုအားတက်ပါတယ်။ ဒီကားမှာ ကိုဝိုင်းတို့ဆီက ပညာရတာနဲ့တင် တန်နေပါပြီ”လို အကယ်ဒမီ နေဝင်းက ပြောပါတယ်။
သူကတော့ ဗြောသံ ရုပ်ရှင်ဇာတ်ကားက ၅ ကား မြောက်ဖြစ်ပြီး ဖီလင်ရုပ်ရှင်ဇာတ်ကားက သမီးလေးမွေးပြီးမှ ရိုက်ကူးထားတဲ့ကားလို့ဆိုပါတယ်။ ရွှေမြန်မာရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ဇာတ်လမ်း လင်းအောင်မြင့်၊ ဇာတ်ညွှန်း သီဟစိုး၊ လက်ထောက်ဒါရိုက်တာ အသွင်သစ်၊ ဒါရိုက်တာ ထပ်ဆင့်အကယ်ဒမီ ဝိုင်း ရိုက်ကူးပုံဖော်ပြီး သရုပ်ဆောင် အကယ်ဒမီ နေဝင်း၊ အကယ်ဒမီ ခြူးလေး၊ စိုးမိုးကြည်၊ ဥဩသံသာ၊ မင်းအာကာ၊ မျိုးကိုကျော်၊ အောင်ဇော်မင်း၊ ဇင်မျိုး၊ ဝင်းမင်းသန်း၊ ဇော်ဝင်းမောင်၊ ကလေးသရုပ်ဆောင် ဖြိုးခန့်၊ ရှိုင်းဘုန်းပြည့်ဦး၊ကောင်းကင်ကိုကို၊ မော်ကွန်းသစ်နဲ့အနုပညာရှင်များစွာ ပါဝင်ထားကြပါတယ်။
“ ဖီလင် ” ရုပ်ရှင်ဇာတ်ကားကြီးကိုလာမယ့် ဇွန်လ ၆ ရက်မှာ စတင်ပြီး မြန်မာပြည်တွင်းရှိ အဆင့်မြင့် ရုပ်ရှင်ရုံတွေမှာ တစ်ပြိုင်တည်း ရုံတင်ပြသမှာလည်းဖြစ်တယ်လို့ သိရပါတယ်။
#နေဝင်း #NayWin #ဝိုင်း #Wyne #MyanmarCelebrityLifestyle #MyanmarCele #MyanmarSinger #ဖီလင်ရုပ်ရှင် #Feeling




