
၂၆.၅.၂၀၂၅
Translated by Htwe Ko Tun
ဗင်နီဇွဲလားနိုင်ငံမှာ အတိုက်အခံပါတီအဖွဲ့ဝင် အများအပြားက မာဒူရိုရဲ့ အငြင်းပွားရတဲ့ ၂၀၂၄ ခုနှစ်က ပြန်လည်အရွေးခံရမှုကို ဆန္ဒပြတဲ့အနေနဲ့ မေလ ၂၅ ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ ဥပဒေပြု နဲ့ဒေသဆိုင်ရာလွှတ်တော်အမတ်တွေ အတွက်ရွေးကောက်ပွဲကို အများအပြားက ကြီးမားစွာသပိတ်မှောက်ကြဖို့ တောင်းဆိုခဲ့ကြတာနဲ့အတူ ဖမ်းဆီးမှုတွေပြုလုပ်ခဲ့ပြီးနောက် သမ္မတ နီကိုလာ့စ်မာဒူရိုရဲ့ ပါတီက သောင်ပြိုကမ်းပြိုအနိုင်ရရှိသွားတယ်လို့ သိရပါတယ်။
သမ္မတ မာဒူရို ရဲ့ United Docialist Party ကပြည်နယ်အုပ်ချုပ်ရေးမှူး ၂၄ ဦးအနက် ၂၃ ဦးအတွက် အနိုင် ရရှိသွားခဲ့ပြီး အမျိုးသားလွှတ်တော်မှာလည်း အမတ်နေရာစုစုပေါင်းရဲ့ ၈၂ ဒသမ ၆၈ ရာခိုင်နှုန်းကို အနိုင်ရခဲ့တယ်လို့ရွေးကောက်ပွဲကော်မရှင်က ပြောခဲ့ပါတယ်။

ရေပန်းစားလှတဲ့ အတိုက်အခံအုပ်စုဖြစ်တဲ့ မာရီယာ ကပိုရီနာ မာချာဒို ခေါင်းဆောင်တဲ့ ပါတီကလည်း သမ္မတ နီကိုလာ့စ်မာဒူရို ပြန်လည်အရွေးခံရမှုကို ဆန့်ကျင်ဆန္ဒပြတဲ့အနေနဲ့ မေလ ၂၅ ရက် ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပြီး မဲဆန္ဒရှင်တွေကိုလည်း မဲမပေးကြဖို့ လှုံ့ဆော်ခဲ့တာပါ။
ရွေးကောက်ပွဲနေ့မတိုင်ခင် အများအပြားလည်းဖမ်းဆီးခံခဲ့ရပြီး ဒီထဲမှာ အတိုက်အခံခေါင်းဆောင် ဂျွန် ပါဘလို ဂွာနီပါ ဆိုရင်ရွေးကောက်ပွဲပျက်ပြားစေဖို့ အဖျက်အမှောင့်လုပ်ငန်းတွေစီစဉ်ရင်း အကြမ်းဖက် ကွန်ရက်တစ်ခုကို ခေါင်းဆောင်နေတယ်လို့ တရားစွဲခံထားရပါတယ်။
မေလ ၂၅ ရက်က ရွေးကောက်ပွဲမှာလည်း တင်းမာမှုတွေ မြင့်တက်နေခဲ့တာဖြစ်ပြီး ရွေးကောက်ပွဲကို စောင့်ရှောက်ဖို့ လုံခြုံရေးအဖွဲ့ဝင် ၄၀၀,၀၀၀ ကျော်ကို တပ်ဖြန့်ချထားခဲ့တာဖြစ်ပါတယ်။ ရွေးကောက်ပွဲအပြီး ဆန္ဒပြမှုတွေကို ဖြိုခွင်းနှိမ်နင်းခဲ့ရာမှာ ၂၈ ဦးသေဆုံးခဲ့ပြီး ရာနဲ့ချီလို့ ဖမ်းဆီးခံခဲ့ရတယ်လို့လည်း သိရပါတယ်။
ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူ ၂၁ သန်းက အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူး ၂၄ ဦးအတွက် မဲဆန္ဒပေးခဲ့ကြတာပါ။
Ref -Bangkok Post
