
၁၄.၅.၂၀၂၅
Translated by Htwe Ko Tun
အနောက်အုပ်စုနိုင်ငံတွေအနေနဲ့ ရုရှားနိုင်ငံကို မလိုမုန်းထားအာဃာတစိတ်တွေနဲ့ သူတို့နိုင်ငံတွေရဲ့ စီးပွားရေးတွေကိုတောင် ထိခိုက်ခံဆောင်ရွက်ဖို့ ဖြစ်နေကြပြီး ရုရှားအစိုးရအနေနဲ့ ဒီလိုမျိုးလုပ်ဆောင်မှုတွေအတွက် ထိန်းကျောင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ မော်စကိုမြို့မှာ ရုရှားစီးပွားရေးအဖွဲ့ Delovaya Rossiya ရဲ့ အဖွဲ့ဝင်တွေနဲ့ မေလ ၁၃ ရက်က တွေ့ဆုံရာမှာ ရုရှားသမ္မတ ပူတင်က ပြောကြားခဲ့ပါတယ်။
ပူတင်က “ ကမ္ဘာ့ထိပ်တန်းနိုင်ငံတွေက ကျွန်တော်တို့ကို အန္တရာယ်ဖြစ်ဒုက္ခရောက်စေဖို့ သူတို့ကိုယ်တိုင် စီးပွားရေးပျက်ကပ်ထဲကို ထိုးဆင်းနေကြတယ်” လို့လည်း အနောက်နိုင်ငံတွေကို ဝေဖန်ပြောကြားသွား ခဲ့ပါတယ်။
ဆက်လက်ပြီးတော့” သူတို့ဟာပြောနေတာတွေကို လုပ်နေနိုင်ကြပြီဆိုတာ ကျွန်တော်တို့စိတ်ထဲမှာ စွဲထား ရမယ်။ ဒီလိုလုပ်နေတာတွေကနေ ဖြစ်လာမယ့်အပျက်သဘောဆောင်တဲ့ အကျိုးဆက်တွေကိုလည်း အနည်းဆုံးဖြစ်အောင်ကျွန်တော်တို့ လုပ်ရမယ်”လို့စီးပွားရေးလုပ်ငန်းရှင်တွေကို ပူတင်က ပြောခဲ့ပါတယ်။
နောက်ဆုံးအနေနဲ့ သမ္မတပူတင်က “ဒီနေ့ခေတ်သစ်ကမ္ဘာကြီးမှာ အရာအားလုံးဟာ အပြန်အလှန်ဆက် နွှယ်မှုတွေ ရှိကြတာပါ။ ဒါကို ကျွန်တော်တို့အားလုံး သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့စီးပွားရေးလွတ် လပ်မှုနဲ့ အချုပ်အခြာအာဏာရဲ့ သတ်မှတ်ချက်တွေထဲကတစ်ခုလည်းပါဝင်တဲ့ အဓိကအခြေခံအကြောင်း ရင်းများစွာလည်းရှိပါတယ်” လို့ နောက်ဆုံးပြောခဲ့ပါတယ်။
လက်ရှိမှာ ရုရှားနဲ့ ယူကရိန်းတို့ တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့မှာ မေလ ၁၅ ရက်မှာ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ တွေ့ဆုံကြရန် အစီအစဉ်ရှိနေချိန်မှာပဲ ဥရောပသမဂ္ဂဝင်အနောက်အုပ်စုနိုင်ငံတွေက ရုရှားကို အမေရိကန်ရဲ့ ရက်-၃၀ အပစ်အခတ်ရပ်စဲရေးအစီအစဉ်ကို လက်ခံဖို့ ဖိအားပေးနေကြပြီး လက်မခံရင် ပိတ်ဆို့မှုအသစ်တွေလုပ်မယ်လို့ ခြိမ်းခြောက်နေတာပါ။
Ref- Tass News