၁၂. ၈. ၂၀၂၃ Written by Nay Aung ယာယီဒုက္ခသည်စခန်းတွင် နေထိုင်လျက်ရှိနေသော မြန်မာဒုက္ခသည်များကို တရားမဝင်လူမှောင်ခိုကူးရန် ကြိုးပမ်းသော ထိုင်းနိုင်ငံသား ၃ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်ဆီးလိုက်ကြောင်းသိရသည်။ ထိုင်းရဲတပ်ဖွဲ့သည် ကလေးငယ် ငါးဦးအပါအဝင် မြန်မာနိုင်ငံသား ၁၀ဦးကို ၎င်းတို့ စီးနင်းလာသော ကားနှင့်အတူတွေ့ရှိခဲ့ပြီးနောက် ထိုင်းနိုင်ငံသားသုံးဦးကို လူကုန်ကူးရန် ကြိုးပမ်းမှုဖြင့် ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ မြန်မာဘက်ခြမ်းတွင် ဖြစ်ပွားနေသောလက်နက်ကိုင်ပဋိပက္ခများကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းတွင် လာရောက်ခိုလှုံနေသူများကို ယာယီနေထိုင်လျက်ရှိနေသည့် စခန်းမှအပြင်သို့ခေါ်ထုတ်ရန် ကြိုးပမ်းမှုများရှိနေကြောင်းသတင်းပေးမှုများကို လက်ခံရရှိခဲ့ပြီးနောက် ထိုင်းရဲတပ်ဖွဲ့သည် Khun Yuam ပြည်နယ် Mae Kee ဒေသရှိ အမှတ်၁၃၃၇ အမြန်လမ်းတွင်စစ်ဆေး ရှာဖွေခဲ့ရာ မြန်မာနိုင်ငံသား၁၀ဦးနှင့်အတူ ထိုင်းနိုင်ငံသား သုံးဦးကို ကားနှင့်အတူဖမ်းမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထိုင်းရဲတပ်ဖွဲ့က ၎င်းတို့သည် အမြန်လမ်းတွင် ပစ်ကပ်ကားနှစ်စီးကို ရပ်တန့်စစ်ဆေးခဲ့ရာ ကားထဲတွင် လူအများအပြားကိုတွေ့ရှိခဲ့ကြောင်း ပြောသည်။အဆိုပါကားနှစ်စီးတွင် ထိုင်းနိုင်ငံသား သုံးဦး နှင့်အတူ အရွယ်ရောက်ပြီးသော မြန်မာနိုင်ငံသား ၆ဦး အပြင် အသက် ၅နှစ် နှင့် ၁၄နှစ်အရွယ်ကြားရှိကလေးငယ်၄ဦးကို တွေ့ရှိခဲ့ကြောင်း၊မြန်မာနိုင်ငံသား ၁၀ ဦးသည် တရားဝင် အထောက်အထားစာရွက်စာတမ်းများမပါဝင်သလို ထိုင်းစကားကို မပြောတတ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။ ထိုင်းလူကုန်ကူးသမားသုံးဦးက ၎င်းတို့သည် အဆိုပါမြန်မာနိုင်ငံသားများကို Mae Kee ဒေသရှိ ယာယီဒုက္ခသည်စခန်းမှခေါ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း၊မြန်မာနိုင်ငံသားများသည် မဲဟောင်ဆန်ဒေသရှိ ဆွေမျိုးများထံသွားလိုသည့်အတွက် လိုက်ပို့ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုထားသည်။ အသက် ၃၈နှစ်အရွယ်ရှိ ထိုင်းနိုင်ငံသား Mr Anai ဆိုသူက ၎င်းသည် ထိုင်းနှင့်မြန်မာနယ်စပ်ဒေသအနီးရှိ Mae Kee ဒုက္ခသည်စခန်းတွင် ယာယီနေထိုင်နေသော မြန်မာနိုင်ငံသားများကို ဒုက္ခသည်စခန်းမှထွက်နိုင်ရန် နှစ်ကြိမ်ကူညီပေးခဲ့ဖူးကြောင်း၊ ၎င်းသည်အဆိုပါဒုက္ခသည်စခန်းတွင် နေထိုင်နေသူများအတွက် လိုအပ်သောပစ္စည်းများ လာရောက်ပေးပို့ခဲ့ဖူးရာမှ မြန်မာနိုင်ငံသားများနှင့်အဆက်အသွယ်ဖြစ်နေခြင်းဖြစ်ကြောင်း ပြောသည်။ Ref-...
နိုင်ငံတကာသတင်း
နှစ်နိုင်ငံအကြား စီးပွားရေး၊ လူမှုရေး ပူးပေါင်းဆောင်ရွက်မှုများနှင့်အတူ တိုးတက်လျက်ရှိသည့် ခရီး သည်များအတွက် မြန်မာနိုင်ငံ ရန်ကုန်နှင့် မန္တလေးတို့မှ ရုရှားနိုင်ငံ၊ နိုဗိုဆီဘာာ့စ်ခ်မြို့သို့ မြန်မာ့အမျိုး သား လေကြောင်းလိုင်းမှ ၂၀၂၃ ခုနှစ်၊...
၁၁. ၈. ၂၀၂၃Translated By Tha Doe Ref- BBC, Washington Post
MT News Written by Nay Aung Ref- northeastlivetv
