


၂၉.၇.၂၀၂၆.
Translated by Htwe Ko Tun
ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ကူမာမိုတို စီရင်စုတွင် ဇူလိုင်လ ၂၈ ရက်၊ ဒေသစံတော်ချိန် ၁၆း၂၇ နာရီ (ဂရင်းနစ်စံတော်ချိန် ဝရး၂၇ နာရီ) ၌ လှုပ်ခတ်ခဲ့ သော အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ အနည်းဆုံး ၁၃ ဦးထိတိုးမြင့်လာကြောင်း ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချီက ဇူလိုင်လ ၂၉ ရက် (ဗုဒ္ဓဟူးနေ့)တွင် ပြောကြားခဲ့သည်။
ဝန်ကြီးချုပ် က “အချိန်နှင့်အပြိုင်” ဆောင်ရွက်နေရခြင်းဟု ပြောခဲ့သည့် ကယ်ဆယ်ရေးသမားများ၏ ရှာဖွေမှုတွင် ၎င်းတို့ကကာရှီးမားမြို့ရှိ Aeon Mall ဈေးဝယ်စင်တာ နှင့် ရတ်ဆူရှီရို မြို့ရှိ Nippon Paper စက်ရုံတို့၏ အပျက်အစီးများကို ရှာဖွေနေကြကြောင်းသိရသည်။ ငလျင်လှုပ်ခတ်ပြီး တစ်ရက်အကြာတွင် အသက်ရှင်ကျန်ရစ်သူများသည်လည်း ပျက်စီးနေသော ၎င်းတို့၏အိမ်များရှိ အပျက်အစီးများနှင့် ပရိဘောဂများကို ရှာဖွေနေကြဆဲဖြစ်သည်။
ငလျင်ကြောင့် ဒဏ်ရာရရှိသူများလည်း ရာနှင့်ချီ၍ ရှိပြီး လူ ၁၀,၀၀၀ နီးပါးကို ကယ်ဆယ်ရေးစင်တာများသို့ရွှေ့ပြောင်းထားရကြောင်းလည်း သိရသည်။ လေယာဉ်ခရီးစဉ်များနှင့် ရှင်ကန်ဆန်ကျည်ဆန်ရထား ပြေးဆွဲမှုများကို ရပ်ဆိုင်းထားဆဲဖြစ်သည်။
အာဏာပိုင်များက ခူလိုင်လ ၂၉ ရက်နံနက်အထိ နောက်ဆက်တွဲငလျင် ၆၀ ကျော် လှုပ်ခတ်ခဲ့သည်ဟု ပြောကြားခဲ့သည်။ နောက်ဆက်တွဲငလျင်အများစုက ပြင်းအား ၃ ဒသမ ၅ မဂ္ဂနီကျူ့ မှ ၄ ဒသမ ၅ မဂ္ဂနီကျူ့ ကြားရှိကြကြောင်းလည်း သိရသည်။
ငလျင်လှုပ်ခတ်မှုကို တုံ့ပြန်ရန်အတွက် ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအီဇူမီက ပြိုကျသွားသော ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့မှ အဖွဲ့ဝင် ၄,၆၀၀ ခန့်ကို စေလွှတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင်စီရင်စု ၁၁ ခုမှ ရဲတပ်ဖွဲ့ဝင် ၄၈၀ ခန့်ကိုလည်း စေလွှတ်ခဲ့သည်။ ပျောက်ဆုံးနေသူများကို ရှာဖွေရာတွင် ပါဝင်ရန် ရဟတ်ယာဉ်ဖြင့် ဦးဆောင်သော သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေး အထူးပြု တိုကျိုမြို့တော်ရဲတပ်ဖွဲ့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကိုလည်း စေလွှတ်ခဲ့သည်
ငလျင်လှုပ်ပြီးနောက် ဒေသတွင်းရှိ စီးပွားရေးလုပ်ငန်းအချို့သည် လုပ်ငန်းလည်ပတ်မှုများကို ရပ်ဆိုင်းထားပြီး အိမ်ထောင်စုထောင်ပေါင်းများစွာမှာလည်း လျှပ်စစ်မီးပြတ်တောက်လျက်ရှိကြောင်း သိရသည်။
Ref-Kyodo News, BBC
