
၂၆.၇.၂၀၂၆
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ မရွှေဥကျေးရွာ၊ ရန်ကုန်-ပုသိမ်လမ်းတွင် ပီနံအိတ်များစုပုံထားရာမှ အစာတောင့်လုပ်ငန်းမီးလောင်မှု ယနေ့ဇူလိုင်လ ၂၆ ရက် နံနက် ၂ နာရီ ၄၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
မီးလောင်မှုမှာ အလျား ၁၂၀ ပေ၊ အနံ ပေ ၃၀၀ ရှိ Steel Structure အဆောက်အအုံရှိ ဟန်စိုးမိုး အစာတောင့်လုပ်ငန်းတွင် ပီနံအိတ်ခွံဟောင်းများ စုပုံထားပြီး အောင်းပူဖြစ်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မိနစ် ၃၀ ကြာလောင်ကျွမ်းခဲ့သော မီးလောင်မှုကြောင့် ပီနံအိတ်ခွံ ၂၀၀ ခန့်၊ အစာတောင့်အိတ်ငါးလုံး၊ အကာသွပ်များ မီးလောင်ကျွမ်းခဲ့သော်လည်း လူထိခိုက်မှုမရှိကြောင်း သိရသည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၂ စီးဖြင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၁၄ မိနစ်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
