၂၂.၇.၂၀၂၆
Translated by Htwe Ko Tun
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်မှာ စတင်ခဲ့တဲ့ အီရန်စစ်ပွဲမှာ အမေရိကန်ရဲ့အသုံးစရိတ်က စုစုပေါင်း အမေရိကန် ဒေါ်လာ ၃၇ ဒအမ ၅ ဘီလျံ ရှိသွားပြီဖြစ်ပြီး စစ်ပွဲအတွက် ရန်ပုံငွေ ပိုမိုထောက်ပံ့ပေးကြဖို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိသ်ဟက်ဆက်က တင်းမာတဲ့ အထက်လွှတ်တော်ကြားနာပွဲတစ်ခုမှာ ဇူလိုင်လ ၂၁ ရက်က ပြောကြားခဲ့ပါတယ်။
ကာကွယ်ရေးဝန်ကြီး ပိသ် ဟက်ဆက်က စစ်ပွဲကုန်ကျစရိတ်မြင့်တက်လာမှုကို ကာကွယ်ပြောကြားခဲ့ပြီး စစ်ပွဲအတွက် ရန်ပုံငွေပိုမိုရရှိဖို့ တွန်းအားပေးပြောကြားခဲ့ပါတယ်။ သူက အထက်လွှတ်တော်အမတ်တွေကို အီရန်စစ်ပွဲအတွက် ရန်ပုံငွေအသစ်ခွင့်ပြုကြဖို့ မှတ်ချက်ပေး ပြောကြားခဲ့ပါတယ်။
အောက်လွှတ်တော်မှာတော့ ရီပတ်ဘလီကန်အမတ်တွေက စစ်ရေးနှင့် ထောက်လှမ်းရေးလုပ်ငန်းတွေအတွက် အမေရိကန်ဒေါ်လာ ၇၃ ဘီလျံ သုံးစွဲဖို့ ညွှန်ကြားတဲ့ အမေရိကန်ဒေါ်လာ ၉၅ ဘီလျံ စစ်ရေး ရန်ပုံငွေအစီအစဉ်ကို ထုတ်ပြန်ခဲ့ပြီး အဓိကအနေနဲ့ အီရန်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲကို ပံ့ပိုးဖို့အတွက် ဖြစ်ပါတယ်။
အမေရိကန်စစ်တပ်က အီရန်ကို ၁၁ ရက်မြောက်အဖြစ်ဆက်တိုက် တိုက်ခိုက်နေချိန်မှာပဲ အခုလို ဟက်ဆက်က စစ်အသုံးစရိတ် ပိုမိုတောင်းခံခဲ့တာလည်း ဖြစ်ပါတယ်။
အမေရိကန်ဗဟိုစစ်တိုင်းဌာနချုပ်(CENTCOM) က အမေရိကန်ရဲ့ နောက်ဆုံးစစ်ဆင်ရေးက အီရန် စစ်ဘက်စစ်ဆင်ရေးစင်တာတွေ၊ ရေကြောင်းပိုင်ဆိုင်မှုတွေ၊ လေယာဉ်ဂိုဒေါင်တွေ၊ ဒရုန်းသိုလှောင်ရာနေရာတွေနဲ့ ထောက်ပံ့ပို့ဆောင်ရေးအခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။
CENTCOM က အီရန်နိုင်ငံကို ပြီးခဲ့တဲ့ သုံးလအတွင်း မဟာဗျူဟာကျသော ဟောမုဇ်ရေလမ်းကြောင်းရှိ စီးပွားဖြစ်သင်္ဘော ၃၀ ကျော်ကို တိုက်ခိုက်ခဲ့တယ်လို့ စွပ်စွဲခဲ့ပြီး တိုက်ခိုက်မှုတွေက အရပ်ဘက် သင်္ဘောသားတွေကို အန္တရာယ်ဖြစ်စေပြီး ရေကြောင်းသွားလာခွင့်ကို အနှောင့်အယှက်ဖြစ်စေတယ်လို့ ပြောကြားခဲ့ပါတယ်။
ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေပေမယ့် အမေရိကန်စစ်တပ်က ဟော်မုဇ်ရေလက်ကြားကို စီးပွားဖြစ်သွားလာမှုအတွက် ဖွင့်လှစ်ထားဆဲဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ မေလအစောပိုင်းမှစလို့ CENTCOM က ဒေသတွင်း ရေနံစိမ်းစည်ပေါင်း ၄၅၀ သန်းခန့် တင်ဆောင်လာသော စီးပွားဖြစ်သင်္ဘော ၉၀၀ ခန့် ဟောမုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာရာမှာ ကူညီပေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
Ref- DW News
