နေမိုး
၁၆. ၇ .၂၀၂၆
နေအိမ်တွင်ရှိနေသည့် အမျိုးသားတစ်ဦးကို ပဲခူး PDF များက ဒလန်တံဆိပ်ကပ်ကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု သဲကုန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည်။
NUG ဩဇာခံ PDF များ၏ ကျူးလွန်မှုဖြစ်စဥ်မှာ ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၁၂ ရက်၁၁ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ဆင်တဲကုန်းကျေးရွာနေ ဦးရဲလင်းသူ(၃၇)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် ပဲခူး PDF များ (အင်အားစိစစ်ဆဲ) ရောက်ရှိလာပြီး ဒလန်ဟု သမုတ်ကာ ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးရဲလင်းသူမှာ ဦးခေါင်းပွင့်ထွက် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းသည် နိုင်ငံ့ဝန်ထမ်းများ၊ အပြစ်မဲ့ပြည်သူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို PDF များက သတ်ဖြတ်မှု အမြင့်မားဆုံးသော တိုင်းဒေသကြီးတစ်ခုဖြစ်သော်လည်း ကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်မှုနည်းပါးသည်။
နောက်ဆုံးထုတ်ပြန်ချက်များအရ နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယခုကာလအထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ၊ စုစုပေါင်း ၁၀၀၀၀ ကျော် သေဆုံးခဲ့ကာ ၁၅၀၀၀ ထက်မနည်း ဒဏ်ရာရရှိခဲ့သည်။
