


၈.၇.၂၀၂၆
Written by KL
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ရှင်စောပုရပ်ကွက်၊မိုးညှင်းတံခါးနှင့် မိုးကောင်းတံခါးအနီး ကျုံးထဲတွင် အမျိုးသားတစ်ဦး ရေနစ်သေဆုံးမှု ဇူလိုင်လ ၈ ရက် နံနက် ၁၁ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်သူများထံမှ သိရသည်။
ရေနစ်သေဆုံးသူမှာ အသက် ၄၃ နှစ်အရွယ် ဦးအောင်ကျော်သန်းဖြစ်ပြီး ပဲခူးမြို့ နန်းတော်ရာရပ်ကွက် အလင်းရောင်(၁၅) လမ်း၊ မြို့ရိုးကုန်းထိပ်တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။
ရေနစ်သေဆုံးသော အမျိုးသားကို ပဲခူးမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ သုဘ နာရေးကူညီမှုအသင်းအပါအဝင် ဒေသခံလူမှုကူညီရေးအသင်းများက ဝိုင်းဝန်းရှာဖွေခဲ့ရာ ညနေ ၄ နာရီတွင် ပြန်လည်ဆယ်ယူနိုင်ခဲ့ကြောင်း သိရသည်။
သေဆုံးသူ၏ရုပ်အလောင်းကို ညီညွတ်ခြင်း စုပေါင်းအခမဲ့ နာမှု လူမှုကူညီရေးအသင်းမှ အသင်းဝင်များက အသင်းပိုင်ယာဥ်ဖြင့် ပဲခူးပြည်သူ့ဆေးရုံကြီးသို့ ပို့အပ်ကူညီခဲ့ကြောင်း သိရသည်။
