၃၀.၆.၂၀၂၆
Written By Thandar
Double Win ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ဒါရိုက်တာမိုးမိုးက Horror Comedy ဇာတ်လမ်းပုံစံ ရိုက်ကူးပုံဖော်ထားတဲ့ “တစ္ဆေဟိုတယ်” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို ဇွန်လ ၂၉ရက် ညနေပိုင်းက ရန်ကုန်မြို့ နဝဒေးအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ဒီတစ္ဆေဟိုတယ်ရဲ့ ဇာတ်လမ်း ကျွန်တော့်ရဲ့ဆရာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)က ရေးသားပေးတဲ့ Organic ဇာတ်လမ်းပါ။ ဘယ်ကားကိုမှလည်း ခိုးချထားတာ မဟုတ်ပါဘူး။ ကျွန်တော့်အနေနဲ့ အရင်ရိုက်ထားတဲ့ ဦးမျိုးရဲ့ သူတော်တစ္ဆေနဲ့ တစ္ဆေဟိုတယ်က ဆက်စပ်မှုတွေရှိတယ်လို့ ဇာတ်ညွှန်းကိုအောင်ကြီးပြောမှ သိရတာပါ။ ဒီဇာတ်ကားကို ကျွန်တော်တို့ ပြင်ဦးလွင်မှာ ဆောင်းတွင်းကြီးမှာ အကောင်းဆုံးရိုက်ကူးပုံဖော်ထားကြတာပါ။ ကြောက်စရာရော၊ ရယ်စရာလေးတွေ ရောထားတဲ့ ဇာတ်ကားလေးမို့ ရုံတင်ပြသရင်လည်း အားပေးကြဖို့ပြောချင်ပါတယ်”လို့ ဒါရိုက်တာ မိုးမိုးက ပြောပါတယ်။
အဆိုပါ အခမ်းအနားကို ဒါရိုက်တာ မိုးမိုးမိသားစု၊ ကျော်ကျော်ဗိုလ်၊ မင်းဘုန်းမြတ်၊ စစ်နိုင်၊ ဂျိုကာ၊ မေမြင့်မိုရ်၊ ဝေလာရီ၊ ချစ်ကောင်း၊ နေဝင်း၊ သားစိုး၊ သျှင်မြတ်၊ ဗီတာမင်၊ တာတာ၊ ဆွိ စတဲ့သူတွေ တက်ရောက်ခဲ့ပါတယ်။
ဒီဇာတ်ကားကို ဇာတ်လမ်း မောင်မျိုးမင်း (ရင်တွင်းဖြစ်)၊ ဇာတ်ညွှန်းမိုးစက်ဝိုင်နဲ့ သူရဿဝါ၊ ဒါရိုက်တာ မိုးမိုးက လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ပြင်ဦးလွင်မြို့မှာ တစ်လကျော် Horror Comedy ပုံစံရိုက်ကူးပုံဖော်ခဲ့တာလည်းဖြစ်ပါတယ်။
သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီ ကျော်ကျော်ဗို၊ မင်းဘုန်းမြတ်၊ စစ်နိုင်၊ အကယ်ဒမီ မေမြင့်မိုရ်၊ ဝေလာရီ၊ ဆွိ၊ ဆူး စတဲ့သူတွေပါဝင်ထားကြပါတယ်။
“တစ္ဆေဟိုတယ်” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဇူလိုင် ၃ရက်နေ့က စတင်ပြီး မြန်မာတစ်ပြည်လုံး ရုံတင်ပြသမှာဖြစ်ပါတယ်။
#ဒါရိုက်တာမိုးမိုး #ကျော်ကျော်ဗို #မင်းဘုန်းမြတ် #စစ်နိုင် #မေမြင့်မိုရ် #ဝေလာရီ #ဆွိ #ဆူး #MoeMoe #KyawKyawBo #WaiLarRi #MayMyintMo #SittNaing #တစ္ဆေဟိုတယ်ရုပ်ရှင်ဇာတ်ကားကြီး #DoubleWinရုပ်ရှင်ထုတ်လုပ်ရေး











