
၁၆.၄.၂၀၂၅
Written By Zun
ဆုန်ခရန်ပွဲတော်ဟု ခေါ်သော ထိုင်းသင်္ကြန်ပွဲတော်ကိုလာရောက်သည့် မြန်မာနိုင်ငံသား ၁၀ ဦးကို ထိုင်း ရဲတပ်ဖွဲ့က ယနေ့ ဧပြီလ ၁၆ ရက်တွင် ဖမ်းဆီးလိုက်သည်။
ယင်းတို့မှာ ဆယ်ကျော်သက်လူငယ်များ ဖြစ်ကြပြီး အသက် ၁၄ နှစ်မှ အသက် ၂၀ ကြား အရွယ်ရှိသူများ ဖြစ်ကြောင်း၊ ဖမ်းခံရသူများထဲတွင် ၂ ဦးက စာရွက် စာတမ်းများရှိပြီး အခြား ၈ ဦးတွင် စာရွက်စာတမ်း အထောက်အထား မရှိကြောင်း ဒေသတွင်း သတင်းများက ဖော်ပြကြသည်။
မှုခင်းနှိမ်နင်းရေးဌာနခွဲ Prachuap Khiri Khan ခရိုင်ရဲစခန်းမှ ရဲမှူးကြီး Prawit Chinwong နှင့် မှုခင်းနှိမ်နင်းရေးဌာနခွဲမှ ရဲအရာရှိများက ထိုင်းနိုင်ငံ၊ ဘန်စဖန်မြို့နယ်မှ ပရကျွပ်ခီရီခန်မြို့သို့ ရေကစားလာရောက်သည့် ယင်းအဖွဲ့ကို ပစ်ကပ်ကားနှစ်စီးပေါ်မှ ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။
စစ်ဆေးချက်များအရ ပစ်ကပ်ကားပေါ်တွင် ရေပက်သည့် သေနတ်တစ်လက်လည်း ပါလာပြီး ယင်း အမျိုးသမီး အမျိုးသား လူငယ် ၁၀ ဦးပါအဖွဲ့ကို စစ်ဆေးရာ အလုပ်ရှင်က စာရွက်စာတမ်းသိမ်းထားသည်ဟုလည်း ပြောဆိုထားကြောင်း သိရသည်။
လက်ရှိတွင် အဖမ်းခံရသူ မြန်မာနိုင်ငံသား ၁၀ ဦးကို
ပရကျွပ်ခီရီခန်မြို့ းရဲစခန်း၌ ထိန်းသိမ်းထားပြီး ထိုင်းရဲတပ်ဖွဲ့က ဥပေဒအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကာ ငွေဒဏ် ဘတ် ၁၀၀၀ ပေးဆောင်ရဖွယ် ရှိကြောင်းလည်း သိရသည်။
