
၁၆.၄.၂၀၂၅
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတ ရှီကျင့်ဖိန်ဟာ နိုင်ငံတော်ချစ်ကြည်ရေးခရီးအဖြစ် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကို ဧပြီလ ၁၅ ရက်က ဆက်လက်ရောက်ရှိခဲ့တယ်လို့ Xinhua သတင်းဌာနက ဖော်ပြခဲ့ပါ တယ်။
သမ္မတ ရှီကျင့်ဖိန်ကို ကွာလာလမ်ပူလေဆိပ်မှာ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က နွေးထွေးစွာကြိုဆိုခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။
ကွာလာလမ်ပူလေဆိပ်သို့အရောက်မှာပဲ ကြေညာချက်တစ်စောင် ရှီက ထုတ်ပြန်ခဲ့ရာမှာ သူ့ရဲ့ချစ်ကြည်ရေးခရီးစဉ်ဟာ တရုတ်နဲ့ မလေးရှား နှစ်နိုင်ငံအကြား နှစ်ဖက်အကျိုးတူ သမားရိုးကျချစ်ကြည်ရေးကို ပိုမို နက်ရှိုင်းကြီးမားစေဖို့နဲ့ နိုင်ငံရေးအရ အပြန်အလှန် ယုံကြည်ကိုးစားမှု ပိုမိုခိုင်မာစေဖို့ အခွင့်အလမ်း တစ်ရပ်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။


ရှီက နှစ်ဖက်စလုံးကို ခေတ်မီစေရေး ကြိုးပမ်းအားထုတ်မှုတွေမှာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့၊ လူမှုယဉ်ကျေးမှုအဖွဲ့အစည်းတွေအကြား ဖလှယ်မှုနဲ့အပြန်အလှန်လေ့လာမှုတွေ မြှင့်တင်ဖို့လည်းကြေညာချက်မှာ ဆိုခဲ့ပါတယ်။ ဆက်လက်ပြီး မလေးရှားနဲ့တရုတ် လူ့အဖွဲ့အစည်းကို ညီမျှတဲ့ အနာဂတ်မျှော်မှန်းချက်တွေနဲ့ တည်ဆောက်သွားဖို့လည်း ရှီကကြေညာချက်မှာ ပြောခဲ့ပါတယ်။
နောက်ဆုံးအနေနဲ့တော့ ရှီက တရုတ်နဲ့မလေးရှားတို့ရဲ့ ပူးတွဲအားထုတ်မှုတွေနဲ့အတူ သူ့ရဲ့ခရီးစဉ်က အကျိုးရှိတဲ့ရလဒ်တွေ ဖြစ်ထွန်းစေမှာဖြစ်တဲ့အပြင် သမိုင်းတွင်မယ့် ကောင်းမွန်တဲ့ အိမ်နီးချင်းချစ်ကြည်မှုအခန်းကဏ္ဍသစ်တစ်ရပ်နဲ့ နှစ်နိုင်ငံအကြား အပြန်အလှန်အကျိုးဖြစ်ထွန်းစေမှုကိုပါ ဖြစ်စေလိမ့်မယ်လို့ ကြေညာချက်မှာဖော်ပြခဲ့ပါတယ်။
Ref- Xinhua