
MT News
၃၀. ၃. ၂၀၂၅
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် ထိုင်းနိုင်ငံတွင် သေဆုံးသူ ၁၇ ဦး ရှိလာခဲ့ပြီး ဒဏ်ရာရသူ ၃၂ ဦး၊ ပျောက်ဆုံးနေသူ ၈၃ ဦးရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံတစ်ဝန်းရှိ ပြည်နယ် ၁၈ ခု၌ ငလျင်ကြောင့် အပျက်အစီးများ ဖြစ်ပေါ်ခဲ့ကာ နေအိမ်အလုံး ၄၂၀၊ ဘုရားကျောင်း ၄၈ ကျောင်း၊ ဆေးရုံ ၇၆ ရုံ၊ အဆောက်အဦ ၈ လုံး၊ စာသင်ကျောင်း ၂၃ ကျောင်းနှင့် အစိုးရရုံး ၁၈ ရုံးတို့ ပျက်စီးထိခိုက်မှုများ ဖြစ်ပေါ်ခဲ့သည်ဟု ထိုင်းနိုင်ငံ သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် လျှော့ချရေး ဦးစီးဌာန (DDPM) က ထုတ်ပြန်ထားသည်။

ထိုသို့ ကြုံတွေ့ခဲ့ရသော်လည်း လက်ရှိတွင်အခြေအနေကို ထိန်းချုပ်နိုင်ပြီဖြစ်ကာ ငလျင်ဒဏ်သင့်ဒေသ၌ အကဲဖြတ်မှုများ လုပ်ဆောင်နေပြီဖြစ်ပြီး နောက်ဆက်တွဲငလျင်များ လှုပ်ခတ်နိုင်သည့် အလားအလာမှာလည်း တဖြည်းဖြည်း လျော့ကျလာပြီဟု DDPM ညွှန်ကြားရေးမှူးချုပ် ဖဆာခွန်း ဘွန်ယာလက်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
Ref , Xinhua
