၂၅.၁၂.၂၀၂၄
Translated by Htwe Ko Tun
ခရီးသည်နဲ့လေယာဉ်ဝန်ထမ်း စုစုပေါင်း ၇၂ ဦးလိုက်ပါလာတဲ့ အဇာဘိုင်ဂျန်လေကြောင်းမှ ခရီးသည်တင်လေယာဉ်တစ်စီးဟာ ရုရှားနိုင်ငံ၊ ဂရို့ဇ်နီမြို့ကို အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့မှ ပျံသန်းနေစဉ် ကာဇက်စတန်နိုင်ငံအတွင်း ဒီဇင်ဘာလ ၂၅ ရက်မှာ ပျက်ကျခဲ့တယ်လို့ ကာဇက်စတန်နိုင်ငံ အရေးပေါ် ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။
ဘရာဇီးလ်နိုင်ငံထုတ် Embraer 190 လေယာဉ်ဟာ မြူတွေထူထပ်စွာ ဆိုင်းနေတာကြောင့် လမ်းကြောင်းပြောင်းပြီး ကာဇက်စတန်နိုင်ငံအနောက်ပိုင်း Aktau လေဆိပ်အနီး ပျက်ကျခဲ့တာပါ။ လေယာဉ်က ပျက်မကျမီ အရေးပေါ်ဆင်းဖို့ ကြိုးစားခဲ့ပေမယ့် မြေပြင်နဲ့ထိချိန်မှာ မီးတောက်ကြီးတက်လာတာ တွေ့ခဲ့ကြရပါတယ်။

အရေးပေါ်အဖွဲ့တွေက ပျက်ကျရာနေရာမှာ မီးလောင်မှုကို ဝိုင်းဝန်းငြှိမ်းသတ်နေကြတယ်လို့ ကာဇက်စတန်နိုင်ငံ အရေးပေါ်ဝန်ကြီးဌာနက ပြောခဲ့ပါတယ်။ လေယာဉ်ပျက်ကျမှုမှာ လူခြောက်ဦးအသက်ရှင် ကျန်ရစ်တယ်လို့လည်းအစောပိုင်းသတင်းတွေအရ သိရပါတယ်။
အဇာဘိုင်ဂျန်လေကြောင်းကတော့ လေယာဉ်ပျက်ကျမှုအပေါ် လောလောဆယ် ဝေဖန်ပြောကြားမှု တစ်စုံတစ်ရာမပြုလုပ်သေးပါဘူး။
Ref-Sky News
