


၁၇.၁၁.၂ဝ၂၄
Written by K Pyay Thein
လှော်ကားလမ်းခွဲကနေ ယဉ်ကျေးမှုတက္ကသိုလ်အထိ YBS-18 ယာဥ်လိုင်းသစ်ကို ယခုနိုဝင်ဘာလ ၂၇ ရက်နေ့မှာ စတင်ပြေးဆွဲပေးသွားမှာဖြစ်တယ်လို့ ခေတ်သစ်ဘုရင့်နောင်ကုမ္ပဏီရဲ့ထုတ်ပြန်မှုအရ သိရပါတယ်။
YBS-18 ယာဉ်လိုင်းအသစ်ရဲ့ခရီးစဥ်လမ်းကြောင်း အနေနဲ့ လှော်ကားလမ်းခွဲ(ဂိတ်ရင်း)က စတင်ပြီး ၃၇ ဂိတ်၊ ထောက်ကြန့်လမ်းဆုံ၊ ပြည်လမ်း၊ ဝါယာလက်၊ ခရေပင်လမ်းခွဲ၊ ၃ လမ်းဆုံ၊ အောင်မင်္ဂလာအဝေးပြေး၊ ၆ ကွေ့၊ သုဓမ္မာလမ်း၊ မြောက်ဥက္ကလာအဝိုင်း၊ ဘုန်းကြီးလမ်း၊ ၄၃၅/၄၃၆၊ ဘေလီ၊ စံပြစျေး တောင်မြောက်လမ်းဆုံကနေ ယဥ်ကျေးမှုတက္ကသိုလ်(ဂိတ်ဖျား)အထိ ပြေးဆွဲပေးမှာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ ရန်ကုန်မြို့မှာ နေ့စဥ်ပုံမှန် YBS ခရီးသည် ၁.၅ သန်းခန့်ကို ပို့ဆောင်ပေးနေရတယ်လို့လည်း YRTC ကနေ သိရပါတယ်။
ပုံစာ – ယခုနိုဝင်ဘာ ၂၇ ရက်နေ့မှာ စတင်ပြေးဆွဲပေးမယ့် YBS 18 ယာဉ်လိုင်းသစ်အားတွေ့ရစဉ်(Photo – CJ)
