October 22, 2024

၂၀. ၆. ၂၀၂၄
Translated by Nay Moe

PDF နဲ့ ကျားဖြန့်တွေဆီပို့မဲ့ ပြည်တွင်းပေါက်စျေးမှာ တစ်လုံး ကျပ် သိန်း ၁၀၀ အထက် တန်ကြေးရှိတဲ့ ဂြိုဟ်တုကနေ အင်တာနက်ဖမ်းယူသုံးနိုင်တဲ့ အင်တာနက်သုံး Starlink ၅၈ စုံကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းမိထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒီ Starlink စက် ၅၈ စုံကို ထိုင်း-မြန်မာ နယ်စပ်၊ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ထဲမှာဖမ်းမိခဲ့ပြီး ဒီစက်တွေကို NUG နဲ့ PDF တွေ အများဆုံးရောက်ရှိခိုလှုံရာ မဲဆောက်နဲ့ မဲရမတ်မြို့နယ်ထဲက လိပ်စာတွေကို ပို့ဆောင်မှာဖြစ်ပြီး မှာယူသူတွေက တရုတ်တွေရဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းကျားဖြန့်လုပ်ငန်းတွေလို့ ထိုင်းအာဏာပိုင်တွေက ယူဆထားပါတယ်။

အဲဒီပစ္စည်းတွေက ကျားဖြန့်အွန်လိုင်းရာဇဝတ်လုပ်ငန်းတွေမှာ အသုံးပြုဖို့ ကမ္ဘောဒီးယားနယ်စပ်၊ မြန်မာနယ်စပ်ကို တရားမဝင်သွင်းဖို့ ဖြစ်နိုင်ခြေရှိတယ်လို့လည်း ထိုင်းအာဏာပိုင်တွေက သုံးသပ်ထားပါတယ်။

ဒီ Starlink စက်တွေက ထိုင်းဘတ်တန်ဖိုး ၂၀၀၀၀ ကနေ ၅၀၀၀၀ ကြားရှိမယ်လို့ သိရပြီး ထိုင်းနိုင်ငံအမျိုးသားထုတ်လွှင့်ရေးနဲ့ ဆက်သွယ်ရေးကော်မရှင်(NBTC)ရဲ့သတ်မှတ်ချက်အရ စတားလင့်ခ်စက်တွေနဲ့ဆက်စပ်ပစ္စည်းတွေဟာ ထိုင်းနိုင်ငံကို တင်သွင်းခွင့်မပြုထားသလို တရားလည်းမဝင်လို့ ဖမ်းဆီးတာလို့ သိရပါတယ်။

မြန်မာပြည်တွင်းမှာလည်း Elon Musk ရဲ့ Starlink ဂြိုဟ်တုအင်တာနက်စက်တွေက တရားဝင်ခွင့်ပြုထားတာမရှိဘဲ PDF တွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အွန်လိုင်းလိမ်လည်တဲ့ ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေ အဓိကသုံးကြပြီး တစ်နှစ်စာသုံးစွဲခ၊ ပို့ဆောင်ခ၊ စက်တန်ဖိုး အားလုံးပေါင်းကို အနိမ့်ဆုံး ကျပ်သိန်း ၁၁၀ အထက်ကျသင့်တယ်လို့လည်း MT News က စုံစမ်းသိရှိထားပါတယ်။

Ref, MGR Online & Prachachat

Leave a Reply

Your email address will not be published. Required fields are marked *