၁၄.၃.၂၀၂၄.
Translated by Htwe Ko Tun

ဩစတြေးလျနိုင်ငံ ၊ ဘာလာရတ်မြို့ရှိ ရွှေတွင်းတစ်တွင်းတွင် မတ်လ ၁၃ ရက် မွန်းလွဲပိုင်းက ကျောက်များ ပြိုကျခဲ့အပြီးနောက် လူတစ်ဦးသေဆုံးကာ တစ်ဦးပြင်းထန်စွာဒဏ်ရာရခဲ့ကြောင်း သိရသည်။

သေဆုံးသူ၏ရုပ်အလောင်းကို မတ်လ ၁၄ ရက် နံနက်တွင်မှ ပြန်လည်တွေ့ရှိခဲ့ပြီး ပြင်းထန်စွာ ဒဏ်ရာရရှိသူအားဆေးရုံသို့လေကြောင်းဖြင့် ပို့ပေးခဲ့ရသည်။

ဖြစ်ရပ်က မယ်လ်ဘုန်းမြို့အနောက်ဘက် ကီလိုမီတာ ၁၀၀(၆၂ မိုင်) အကွာရှိ ဘာလာရတ်မြို့ ရွှေတွင်းတွင်ဖြစ်ခဲ့ရခြင်းဖြစ်ပြီး အဆိုပါအလုပ်သမားနှစ်ဦးက ပြိုကျကျောက်တုံးများအောက်သို့ရောက်နေခဲ့ခြင်းဖြစ်ကာ အခြားအလုပ်သမား ၂၈ ဦးကိုမူ ဘေးကင်းစွာ ကယ်ဆယ်နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ကြေညာခဲ့သည်။

သေဆုံးသူမှာ အသက် ၃၇ နှစ်ရှိပြီဖြစ်ပြီး ဒဏ်ရာရရှိသူမှာ အသက် ၂၁ နှစ်ရှိပြီဖြစ်ကာ ခန္ဓာကိုယ်အောက်ပိုင်းတွင် ထိခိုက်မိခဲ့သောဒဏ်ရာများပြင်းထန်၍ ဆေးရုံသို့ လေကြောင်းဖြင့်အရေးပေါ်ပို့ခဲ့ရခြင်းဖြစ်သည်။

အဆိုပါရွှေတွင်းက ၂၀၀၇ ခုနှစ်တွင်လည်း တစ်ကြိမ်ပြိုကျခဲ့သေးရာ အလုပ်သမား ၂၇ ဦး မြေအောက်တွင်ပိတ်မိနေခဲ့သေးသည်။ သို့သော် ငါးနာရီကြာကယ်ဆယ်ရေးအစီအစဉ်လုပ်ဆောင်ခဲ့ပြီးနောက် ကယ်ဆယ်နိုင်ခဲ့ကြသည်။

Ref- DW

Leave a Reply

Your email address will not be published. Required fields are marked *