၁၄. ၃. ၂၀၂၄
Written by Pan Ei

ပိုလီယိုရောဂါကြောင့် သံအဆုတ်(Iron Lung) အတွင်း အနှစ် ၇၀ ကျော်ကြာနေထိုင်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်က အကြောသေနေတဲ့ အမျိုးသားဟာ အသက် ၇၈ နှစ်အရွယ်မှာ သေဆုံးသွားခဲ့တယ်လို့ သူ့ရဲ့မိသားစုဝင်တွေက ပြောပါတယ်။

အသက် ၇၈ နှစ်အရွယ် ပေါလ် အလက်ဇန်းဒါးဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ (မတ်လ ၁၁ ရက်) က ကွယ်လွန်သွားကြောင်း သူ့ရဲ့အစ်ကို ဖလစ်က Facebook မှာ ရေးသားဖော်ပြခဲ့တာဖြစ်ပြီး သူဟာ ဘာကြောင့် သေဆုံးခဲ့တယ်ဆိုတာကိုတော့ မဖော်ပြထားပါဘူး။

အလက်ဇန်းဒါးဟာ ၁၉၅၂ ခုနှစ်က အသက်ခြောက်နှစ် အရွယ်မှာ နှစ်စဉ် ကလေးထောင်ပေါင်းများစွာကို လေဖြတ်စေနိုင်ပြီး သေစေနိုင်လောက်တဲ့ ပိုလီယိုရောဂါကို ခံစားခဲ့ရကာ သံအဆုတ်လို့ လူသိများတဲ့ ခန္ဓာကိုယ်ပြည့် သတ္တုဆလင်ဒါတစ်ခုကို အားကိုးခဲ့ရပြီး အဲ့ဒီ သဲအဆုတ်က အဆုတ်ထဲကို လေမှုတ်ထုတ်ဖို့ ဖိအားကို အသုံးပြုပြီး အဆုတ်ကို အလုပ်လုပ်စေတာပါ။

အလက်ဇန်းဒါးက သံအဆုတ်ထဲမှာ အကြာဆုံးနေရသူအဖြစ် ကမ္ဘာ့စံချိန်တင်နိုင်ခဲ့သူတစ်ဦးလည်းဖြစ်သလို ဥပဒေကျောင်းကနေ ဘွဲ့ရခဲ့ကာ ရှေ့နေ့တစ်ဦးအဖြစ်လုပ်ကိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

အလက်ဇန်းဒါးက ဖေဖော်ဝါရီက ကိုဗစ်ရောဂါကူးစက်ခံရပြီး ဆေးရုံတင်ခဲ့ရကာ အလက်ဇန်းဒါးရဲ့ ဖော်လိုဝါ ၃ သိန်းကျော်ရှိတဲ့ TikTok အကောင့်က ပြောရေးဆိုခွင့်ရှိသူရဲ့ ပြောကြားချက်အရ သူ့ရဲ့နာမကျန်းဖြစ်မှုကြောင့် သူဟာ အားနည်းခဲ့ပြီး ရေဓာတ်ခန်းခြောက်ခဲ့တယ်လို့လည်း ဖော်ပြခဲ့ပါတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *