◾️နိုင်ငံခြားငွေဈေးကွက်သို တစ်လခွဲကျော်အတွင်း ဒေါ်လာသန်း ၁၂၀ ကျော် ထုတ်ရောင်းခဲ့

၁၉. ၂. ၂၀၂၄
Written by Ye Kyaw

ဘဏ္ဍာနှစ်ကုန်ဆုံးခါနီးအချိန်ဖြစ်၍ ကုန်သွယ်ရေးလျာထားချက် ပြည့်မီစေရေး ပို့ကုန်၊သွင်းကုန် လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေချိန်တွင် ဒေါ်လာလိုအပ်ချက် မြင့်တက်ကာ ဒေါ်လာဈေးနှုန်း တစ်ဒေါ်လာ ၃,၆၀၀ ခန့်အထိ ဆက်လက်မြင့်တက်နေသောကြောင့် ယနေ့တွင် ဒေါ်လာ ၈ သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀ ဗဟိုဘဏ်က ထပ်မံထုတ်ရောင်းပေးခဲ့သည်။
,
ဖေဖော်ဝါရီလဆန်းပိုင်းတွင် ဒေါ်လာဆက်တိုက် ထုတ်ရောင်းပေးမှုကြောင့် တစ်ဒေါ်လာ ကျပ် ၃,၅၀၀ သို ပြန်ကျဆင်းခဲ့သည့် ဒေါ်လာဈေးမှာ ဖေဖော်ဝါရီလ ဒုတိယအပတ်တွင် တစ်ဒေါ်လာ ကျပ် ၃,၅၀၀ ကျော်သို ပြန်လည်မြင့်တက်လာ၍ ဖေဖော်ဝါရီ ၁၄ ရက်နှင့် ၁၅ ရက်တိုတွင် နိုင်ငံခြားငွေများ နှစ်ရက်ဆက်တိုက် ထုတ်ရောင်းပေးခဲ့သော်လည်း ဒေါ်လာဈေးနှုန်း ကျဆင်းလာခြင်းမရှိဘဲ ယနေ့တွင် တစ်ဒေါ်လာ ၃,၅၇၀ အထိ ဆက်လက်မြင့်တက်နေခြင်းဖြစ်သည်။

ဒေါ်လာရောင်းချပေးမှုအနေဖြင့် ဇန်နဝါရီ ၁ ရက်တွင် ၁၂ ဒသမ ၉၃ သန်း၊ ဇန်နဝါရီ ၅ ရက်တွင် ဒေါ်လာ ၁၆ သန်း၊ ဇန်နဝါရီ ၁၅ ရက်တွင် ဒေါ်လာ ၁၅ သန်း၊ ဇန်နဝါရီ ၂၅ ရက်တွင် ဒေါ်လာ ၉ သန်း၊ ဇန်နဝါရီ ၂၆ ရက်တွင် ‌‌ဒေါ်လာ ၅ သန်း၊ ဇန်နဝါရီ ၂၉ ရက်တွင် ဒေါ်လာ ၉ သန်း၊ ဖေဖော်ဝါရီ ၁ ရက်တွင် ဒေါ်လာ ၁၃ သန်း၊ ဇန်နဝါရီ ၅ ရက်တွင် ဒေါ်လာ ၁၁ သန်း၊ ဖေ‌ဖော်ဝါရီ ၈ ရက်တွင် ဒေါ်လာ ၈ သန်း၊ ဖေ‌ဖော်ဝါရီ ၁၄ ရက်တွင် ဒေါ်လာ ၅ ဒသမ ၃၈ သန်းနှင့် ဖေ‌ဖော်ဝါရီ ၁၅ ရက်တွင် ဒေါ်လာ ၉ သန်းနှင့် ယနေ့တွင် ဒေါ်လာ ၈ သန်း ထပ်မံထုတ်ရောင်းပေးခဲ့၍ တစ်လခွဲကျော်အတွင်း ၁၂ ကြိမ်ရောင်းချပေးခဲ့ပြီး စုစုပေါင်း ဒေါ်လာ ၁၂၁ ဒသမ ၃၁ သန်း ထုတ်ရောင်းခဲ့သည်။

ထိုအပြင် ဗဟိုဘဏ်အနေဖြင့် ဇန်နဝါရီ ၁၉ ရက်တွင် ထိုင်းဘတ် သန်း ၅၀၊ ဇန်နဝါရီ ၂၅ ရက်တွင် ထိုင်းဘတ် သန်း ၂၀၀ နှင့် ဇန်နဝါရီ ၂၆ ရက်တွင် ထိုင်းဘတ် သန်း ၅၀ နှင့် ဖေဖော်ဝါရီ ၇ ရက်တွင် ထိုင်းဘတ်သန်း ၂၀၀၊ ဖေဖော်ဝါရီ ၁၅ ရက်တွင် ထိုင်းဘတ်သန်း ၂၀၀ နှင့် ယနေ့တွင် ထိုင်းဘတ်သန်း ၂၀၀ ထပ်မံထုတ်ရောင်း၍ တစ်လအတွင်း စုစုပေါင်း ထိုင်းဘတ်သန်း ၉၀၀ ထုတ်ရောင်းပေးထားသည်။

အလားတူ ဇန်နဝါရီ ၁ ရက်တွင် အမေရိကန်ဒေါ်လာ ၄ သန်းနှင့်ညီမျှသော တရုတ်ယွမ်ငွေအား SWAP Facility (ကျပ်ငွေကို အပေါင်ယူပြီး ၎င်းနှင့်ညီမျှသော နိုင်ငံခြားငွေထုတ်ပေးခြင်း) စနစ်ဖြင့် ဗဟိုဘဏ်က ထုတ်‌ရောင်းပေးထားခဲ့သေးသည်။

နိုင်ငံခြားငွေဈေးကွက်သို့ မဟုတ်ဘဲ သီးခြားအနေဖြင့် လူသုံးကုန်နှင့် ‌ဆေးဝါးကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် ဆက်သွယ်ရေးပိုင်းဆိုင်ရာ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ ၁ ဒသမ ၄ သန်း၊ တရုတ်ယွမ် ၄ ဒသမ ၂ သန်း နှင့် ထိုင်းဘတ် ၁၃ ဒသမ ၅ သန်း ရောင်းချပေးခဲ့သလို စက်သုံးဆီတင်သွင်းသော ကုမ္ပဏီများအတွက် လိုအပ်သည့် ဒေါ်လာများကို နှစ်ကြိမ်ထုတ်ရောင်းပေးခဲ့မှု စုစုပေါင်းပမာဏ ဒေါ်လာ ၂၂ ဒသမ ၁၅ သန်းရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *