၁၉. ၁၂. ၂၀၂၃
Written by Nay Aung
ထိုင်းနိုင်ငံ၊ ချင်းရိုင်ပြည်နယ် Mae Chan ဒေသ ရဲတပ်ဖွဲ့အကြီးအကဲ ရဲမှူးကြီး Kiattisak Jitprasarn ၏ ညွှန်ကြားမှုဖြင့် ထိုင်းရဲတပ်ဖွဲ့သည် ဆိုင်ကယ်ခိုးမှုများ ကျုးလွန်နေသူများကို ဖမ်းဆီးနိုင်ရန် စုံစမ်းရှာဖွေခဲ့ရာ အသက် ၁၈ နှစ်အရွယ်ရှိ မြန်မာ လူငယ်နှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာနိုင်ငံသားနှစ်ဦးသည် ပြီးခဲ့သော ဒီဇင်ဘာ ၄ ရက်နှင့် ၅ ရက်နေ့တို့က Mae Chan ဒေသရှိ ကျေးရွာတစ်ရွာမှ ဆိုင်ကယ်များကို ခိုးယူခဲ့ပြီး ၎င်းတို့နှစ်ဦးကို ခိုးရာပါ ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။
အဆိုပါမြန်မာလူငယ်နှစ်ဦးက Wave 110 အမျိုးအစားဆိုင်ကယ်နှင့် Wave 125 အမျိုးအစားဆိုင်ကယ်များကို ခိုးယူခဲ့ပြီး Phahon Yothin လမ်းမကြီးပေါ်တွင် စီးနေချိန်အတွင်း ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

Mae Chan ရဲစခန်းက အဆိုပါမြန်မာနိုင်ငံသားနှစ်ဦးကို စစ်ဆေးချိန်အတွင်း ဆိုင်ကယ်လိုင်စင်နှင့် ဆိုင်ကယ်နှင့်ပတ်သက်သော အထာက်ထားများ မတွေ့ရကြောင်း ပြောသည်။ အဆိုပါ မြန်မာနိုင်ငံသား နှစ်ဦးက ၎င်းတို့သည် ဆိုင်ကယ်ခိုးယူခဲ့သည်ဟု ဝန်ခံပြောဆိုခဲ့ကြောင်း ရဲမှူးကြီး Kiattisak Jitprasarn က ပြောသည်။
ထိုင်းရဲတပ်ဖွဲ့သည် အဆိုပါမြန်မာနိုင်ငံသားနှစ်ဦးကို ဆိုင်ကယ်ခိုးမှုအပြင် ထိုင်းနိုင်ငံအတွင်း တရားမဝင်နေထိုင်မှုများဖြင့် စွဲချက်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
Ref; naewna.


