MT News

Written by Nay Aung

တရုတ်နိုင်ငံသည် ယူနန်ပြည်နယ် Xishuangbanna စီရင်စုရှိ Guanlei ဆိပ်ကမ်းမှတစ်ဆင့် မြန်မာနိုင်ငံသို့ EV ကားအစီးရေ ၅၀ တင်ပို့သွားမည်ဖြစ်ကြောင်း တရုတ်သတင်းများတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံသည် EV ကားများကို ယူနန်ပြည်နယ်ရေလမ်းကြောင်းမှတစ်ဆင့် မြန်မာနိုင်ငံဘက်ခြမ်းသို့ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း၊ ယူနန်ပြည်နယ်ရှိ Guanlei ဆိပ်ကမ်းကိုပြီးခဲ့သောလတွင် ပြန်လည်အသုံးပြုခွင့် ခွင့်ပြုခဲ့ပြီးနောက်မကြာမီ မြန်မာနိုင်ငံဘက်ခြမ်းသို့ EV ကားများ ရေလမ်းခရီးမှတစ်ဆင့် တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အဆိုပါဆိပ်ကမ်းကို ၂၀၂၀ ဧပြီလတည်းက ခရီးသည်တင်သင်္ဘောများနှင့်ကုန်စည်တင်သင်္ဘောများ လုပ်ငန်းများလုပ်ကိုင်ခြင်းကို ဆိုင်းငံ့ထားခဲ့ပြီး စက်တင်ဘာ ၄ ရက်နေ့တွင် ပုံမှန်အတိုင်းလုပ်ငန်းများ လုပ်ကိုင်ရန်ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်အာဏာပိုင်များစစ်ဆေးခဲ့ပြီးနောက် အောက်တိုဘာ ၁၀ ရက်တွင် အဆိုပါဆိပ်ကမ်းမှတစ်ဆင့် EV ကား ၁၅ စီးကို မြန်မာနိုင်ငံသို့ ပထမအသုတ်အဖြစ် စတင်တင်ပို့ခဲ့ကြောင်း၊ အောက်တိုဘာ ၁၀ ရက်နေ့နောက်ပိုင်းတွင်လည်း Guanlei ဆိပ်ကမ်းမှတစ်ဆင့် EV ကားများကို မြန်မာနိုင်ငံဘက်ခြမ်းသို့ ရေလမ်းခရီးမှတစ်ဆင့်ထပ်မံတင်ပို့ခဲ့ပြီး EV ကားအစီးရေ ၁၂ စီးထပ်မံတင်ပို့ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံဘက်ခြမ်းသို့တင်ပို့ခဲ့သော Guanlei ဆိပ်ကမ်းမှတစ်ဆင့် EV ကားများ၏တန်ဖိုးသည် အနည်းဆုံး တရုတ်ယွမ် သန်း ၅၀ နှင့် အထက်ရှိကြောင်း၊အောက်တိုဘာ ၁၆ ရက်နေ့နောက်ပိုင်းတွင်လည်း Guanlei ဆိပ်ကမ်းမှတစ်ဆင့် EV ကားအစီးရေ ၁၅ စီးထပ်မံတင်ပို့ရန်စီစဉ်ထားပြီး ကားများ ဆိပ်ကမ်းတွင်ရောက်ရှိနေကာ အာဏာပိုင်များက စစ်ဆေးလျက်ရှိနေကြောင်းသိရသည်။

မြန်မာနိုင်ငံသို့ EV ကားများပို့ဆောင်ရာတွင်တင်ဆောင်သည့် ကုန်စည်သင်္ဘော၏ကပ္ပတိန်က” ကျွန်တော်တို့ဟာ EV ကားတွေကို မြန်မာနိုင်ငံဘက်ခြမ်းကို သင်္ဘောတွေနဲ့ ပထမဆုံးအကြိမ်တင်ပို့ခဲ့တယ်။ ဆိပ်ကမ်းမှာကျန်ရှိနေတဲ့ ကားတွေကိုလည်း လာမယ့်ရက်ပိုင်းအတွင်း ထပ်မံတင်ပို့သွားမှာဖြစ်တယ်” ဟု ပြောသည်။

Ref; chinanews

Leave a Reply

Your email address will not be published. Required fields are marked *