၂၃.၉.၂၀၂၃
Written By Thandar

ရယ်မောပျော်ရွှင်စေမယ့် Reality Show ပုံစံ “သွားလိုက် လာလိုက် အိပ်လိုက် စားလိုက်”ရသစုံ ရုပ်သံအစီအစဉ်စာနယ်ဇင်းမိတ်ဆက်ပွဲကို စက်တင်ဘာ ၂၃ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ Thai Cuisine (Feel Restaurant) မှာ ကျင်းပခဲ့ပါတယ်။

“ဒီအစီအစဉ်ကိုတော့ လူကြီး၊ လူငယ် အသက်အရွယ်မရွေး ရယ်မောရင်း စိတ်အပန်းပြေဖို့အတွက် ရည်ရွယ်ချက်နဲ့ ရိုက်ကူးတင်ဆက်ပေးထားပါတယ်။ တစ်ဖွဲ့သားလုံး ပင်ပင်ပန်းပန်းနဲ့ ခက်ခက်ခဲခဲ ကြိုးစားအားထုတ်ထားရတဲ့ ဆန်းသစ်ပြီး ဆွဲဆောင်မှုရှိတဲ့ Program လေးတစ်ခုပါ။ တစ်ယောက်ချင်းဆီရဲ့ အခက်အခဲတွေ ကြားရမှာပါ။ ဒီ Program မှာ Reality Show လေးတစ်ခုပါ။ ကျွန်တော် K Show တွေ , Running Man တွေလည်းကြိုက်လို့ ကြည့်ဖြစ်တယ်။ ခုလည်း Running Man လိုမျိုး Reality Show ဖန်တီးထားတာပါ။ Reality Show ဆိုတဲ့အတိုင်း Script ကလည်း ဇာတ်လမ်းကျောရိုးလောက်ပဲ သိရတယ်။ သူတို့ရဲ့ လုပ်ဆောင်ဖန်တီးမှုတွေနဲ့ပဲ ကျွန်တော် ရိုက်ကူးတယ်။ တစ်ခါတလေ ကျွန်တော်မသိတဲ့ ဇာတ်တွေ ပါလာတာတွေရှိတယ်။ Unseen တွေပဲ လုပ်ခိုင်းဖြစ်တာတွေ ပါပါတယ်”လို့ ဒါရိုက်တာ ဝေယံဖေက ပြောပါတယ်။

အဆိုပါ Program အသစ်မှာတော့ ပရိသတ်ချစ် အနုပညာရှင်တွေဖြစ်တဲ့ ရဲလေး၊ သိန်းလင်းစိုး၊ နေထွဋ်၊ ဒိုပေါက်၊ ထက်ထက်ထွန်း၊ စနိုးတို့က အဖွဲ့နှစ်ဖွဲ့ခွဲပြီး စွန့်စားခန်းတွေ၊ ဟာသတွေ၊ သရုပ်မှန်တွေကို တင်ဆက်ထားတာလည်းဖြစ်ပါတယ်။ AGE Creative က ရသစုံအစီအစဥ်ကို ရိုက်ကူးထုတ်လုပ်တာဖြစ်ပြီး အပိုင်း ၁၂ ပါဝင်မယ့် ဒီဇာတ်လမ်းတွဲကို Channel K ရုပ်သံလိုင်းမှာ မကြာခင် ထုတ်လွှင့်ပြသမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *