MT News

Written By Thandar

Miss Grand International Owner Mr.Nawat , Ms.Teresa & Miss Grand International 2022 Isabella Menin တို့နဲ့အတူ Miss Grand Myanmar 2024 ပြိုင်ပွဲဝင် အလှမယ်တွေ Media Press Conference ကို စက်တင်ဘာ ၂၁ ရက် ညနေပိုင်းက ရန်ကုန်မြို့ Myanmar Plaza Promotion Area မှာ ကြီးကျယ်ခမ်းနားစွာကျင်းပခဲ့ပါတယ်။

ဒီပြိုင်ပွဲမှာ ပြည်နယ်နဲ့တိုင်းမြို့နယ် အသီးသီးက ပြိုင်ပွဲဝင်အလှမယ် အယောက် ၄၀ ဝင်ရောက်ယှဉ်ပြိုင်ကြတာလည်းဖြစ်ပါတယ်။ အဆိုပါအခမ်းအနားမှာ Miss Grand Myanmar 2022 အလှမယ် မီးမီး@အိအိအောင်ထွန်း၊ Miss Grand Myanmar 2023 အလှမယ် နီနီအိမ်လင်း စတဲ့ သူတွေတွေတက်ရောက်ခဲ့ကြတာလည်းဖြစ်ပါတယ်။

Miss Grand Myanmar 2024 ပြိုင်ပွဲဝင်များရဲ့ Keyword Challenge ယှဥ်ပြိုင်မှုမှာ Gold Medal (ပထမ) ဆုကို မော်လမြိုင်မြို့ကိုယ်စားပြုအလှမယ် ပန်းလရောင်၊ Silver Medal ဆုကို မြဝတီမြို့ ကိုယ်စားပြုအလှမယ် နန်းခိုင်ရွှေဝါဝင်းနဲ့ Bronze Medal ဆုကိုတော့ တောင်ငူမြို့ကိုယ်စားပြုအလှမယ် သဲစုငြိမ်းတို့က ဆွတ်ခူးရရှိခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *