၂၅. ၈. ၂၀၂၃
Written by Nay Moe

ပြည်သူ့စစ်များ လိုက်ပါလာသော ယာဥ်အား ရေစကြို PDF များက ယနေ့နံနက်တွင် ချောင်းမြောင်းပစ်ခတ်၍ ၆ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

ဖြစ်စဥ်မှာ ယနေ့ နံနက် ၆နာရီအချိန်ခန့်တွင် ဂွေးချိူရွာမှ ပြည်သူ့စစ် ၆ ဦး လိုက်ပါလာသော ယာဥ်အား ဂွေးချိုရွာနှင့်ဆင်ချောင်းရွာအကူးလမ်းတစ်နေရာတွင် ရေစကြို PDF များက စောင့်ဆိုင်းကာ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ထိုပစ်ခတ်မှုတွင် ပြည်သူ့စစ်အားလုံးသေဆုံးခဲ့သလို ကာဘိုင် ၅ လက်၊ ကျည်ဘောက် ၈ ဘောက်နှင့် ကျည် ၁၀၆ တောင့်တို့အားသိမ်းယူသွားကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ်(ပ.က.ဖ)နှင့်အတူ ပခုက္ကူခရိုင်တပ်ရင်းအမှတ်(၉) တို့ပူ့ပေါင်းတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ရေစကြို PDF များက ပြည်သူ့စစ်များကို ပစ်ခတ်တိုက်ခိုက်သည့်ရုပ်သံဖိုင်ကို MT News သတင်းဌာန၏ တယ်လီဂရန်တွင် ကြည့်ရှုနိုင်ပါသည်။

https://t.me/MT_News_Media/14328

Leave a Reply

Your email address will not be published. Required fields are marked *