၂၃. ၈. ၂၀၂၃
Written by Nay Moe
NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ရန်ပုံငွေများကို စုစည်းကာ တိုင်းနှင့်ပြည်နယ်အသီးသီးသို့ Drone အစင်းရေ ၄၀၀ ကျော် ဖြန့်ကျက်ပို့ဆောင်ထားသည်ဟု MOD က ယနေ့သတင်းထုတ်ပြန်သည်။
ပို့ဆောင်ထားသည့် Drone များသည် ရှေ့တန်းစစ်မြေပြင်များတွင် ထောက်လှမ်းရေး၊ တိုက်ခိုက်ရေးနှင့် ဝါဒဖြန့်ချိရေးတာဝန်များကို ရဲရဲဝံ့ဝံ့ တာဝန်ထမ်းဆောင်နေကြသည်ဟုလည်း ဖော်ပြသည်။
သို့သော် NUG အနေဖြင့် မြို့နယ်အလိုက် PDF အဖွဲ့ ၄၀၀ ခန့်နှင့် ပကဖများ၊ ပအဖများ စသည်ဖြင့် အဖွဲ့ ၆၀၀ ကျော် ဖွဲ့စည်းထားရာ ထိုဖြန့်ဝေမှုမှာ PDF တစ်ဖွဲ့လျှင် Drone တစ်စီးပင် ရရှိရန်မလွယ်ကူသည့် အခြေအနေလည်းဖြစ်သည်။



